Trending Now

ကုန်ကြမ်းရရှိမှု လျော့နည်းနေသဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဒေသထွက် ပုဇွန်ချဉ်လုပ်ငန်း ရပ်တည်ရန်ခက်ခဲနေ

Spread the love

ကုန်ကြမ်းရရှိမှု လျော့နည်းနေသဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဒေသထွက် ပုဇွန်ချဉ်လုပ်ငန်း ရပ်တည်ရန်ခက်ခဲနေ

EPN
မအူပင်၊ မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ပုဇွန်ချဉ်များ အရောင်းသွက်နေသော်လည်း ပုဇွန်ချဉ်ပြု လုပ်သည့် ကုန်ကြမ်းရရှိမှုလျော့နည်းနေ၍ ရပ်တည်ရန်ခက်ခဲလာကြောင်း ပုဇွန်ချဉ် လုပ်ငန်းသူများထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မအူပင်၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဘိုကလေး၊ ဟိုင်းကြီးကျွန်းစသော မြို့နယ်များတွင် ပုဇွန်ချဉ်လုပ်ငန်းကိုအဓိက လုပ်ကိုင်ကြပြီး ယခုနှစ်ရာသီဥတုဖောက် ပြန်၍ပုဇွန်ချဉ်များလုပ်ရာတွင် အဓိကလိုအပ်သည့် ကုန်ကြမ်းပုဇွန် အမျိုးအစားများ ရရှိမှု နည်းနေခြင်းကြောင့် လုပ်ငန်းများ လည်ပတ်ရန်ခက်ခဲလာကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“ပုဇွန်ချဉ်ကို အရင်က အကြီးအကျယ်ထုတ်လုပ်နိုင်တယ်။ မနှစ်ကတော့ ဒီလိုကာလမှာ ကုန်ချိန် ၁၅၀၀ နေ့စဉ် လုပ်ကိုင်လည်ပတ်ရပါတယ်။ ဒီနှစ်ကတော့ပုဇွန်ကုန်ကြမ်းရှားပါးလာလို့ ကုန်ချိန် ၃၀၀ လောက်နဲ့သာလုပ်ကိုင်လည်ပတ် နေရပါတယ်။ လက်ရှိတစ်ပိသာလျှင်ငွေကျပ် ၈၅၀၀ အထိဈေးရကောင်းနေပါတယ်။လက်ရှိ ပုဇွန်ချဉ်အရောင်းအဝယ်ကလည်း လွန်ခဲ့သော ကိုဗစ်ကာလထက်ပိုသွက်လာနေပါတယ်။ စားသောက်ဆိုင် ဟိုတယ်တွေ ပြန်ဖွင့်လာတာကြောင့် နဲ့ ပုဇွန်ချဉ်ကိုအဓိကတင်ပို့နေတဲ့ရန်ကုန်ဈေးကွက်ကို ပုဇွန်ချဉ်ကိုများများတင်ပို့နေရခြင်းကြောင့် အရောင်းတွေသွက်လာခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကုန်ကြမ်းကမရတော့လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတော်ဖြစ်နေပါတယ်။ ”ဟု မအူပင်မြို့မှ ပုဇွန်ချဉ်ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဒေါ်စန်းစန်းဌေးက ပြောပြသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပုဇွန်ချဉ်လုပ်ငန်းကို တစ်နှစ် ပတ်လည်လုံး လုပ်ကိုင်ပြီး မိုးတွင်းကာလသြဂုတ်လတွင် ကုန်ကြမ်းရရှိမှုပိုမိုများပြား၍ ပုဇွန်ချဉ်များ ပိုမိုထွက်ရှိကြောင်း၊ ပုဇွန်ချဉ်များကို အင်ဖတ်၊ ငှက်ပျောဖတ်၊ တောင်စွန်ဖတ် တို့ဖြင့် ၂၅ ကျပ်သားမှ ၅၀ ကျပ်သားအရွယ် အထုတ်များထုတ်ကာ ပိသာချိန် ၁၀ ဆံ့သည်ခြင်းဖြင့် ထည့်၍ ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ယခုလက်ရှိပုဇွန်ချဉ်များကို ရန်ကုန်ဈေးကွက်သို့ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တင်ပို့ခွင့်ရ နေခြင်းကြောင့် အရောင်းသွက်နေကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။