Trending Now

ယေရူခရစ်ရုပ်တု မိုးကြိုးထိမှန်ပုံကို ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့

Spread the love

ယေရူခရစ်ရုပ်တု မိုးကြိုးထိမှန်ပုံကို ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၃

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ ကော်ကိုဗာဒိုတောင်ထိပ်ပေါ်မှာ တည်ထားတဲ့ ကမ္ဘာ့အကြီးဆုံး Christ the Redeemer ယေရူခရစ်ရုပ်တု မိုးကြိုးပစ်ခံရတဲ့ပုံကို ဓာတ်ပုံဆရာ ဖာနန်ဒိုဘရာဂါက ချိန်သားကိုက် ရိုက်ကူးနိုင်ခဲ့ပါတယ်။

အဆိုပါဓာတ်ပုံဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး တွစ်တာမှာ ကြည့်ရှုမှု သန်း ၂၀ ကျော် ရရှိထားသလို အင်စတာဂရမ်မှာလည်း ၆၈၀၀၀ ဝန်ကျင် ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

ဒီဓာတ်ပုံကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၇ နာရီခန့်မှာ NIKON D800 ကို အသုံးပြုပြီး စပိန်ဓာတ်ပုံဆရာ ဖာနန်ဒိုဘရာဂါက ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။

ကွန်ကရစ်တန်ချိန် ၇၀၀ နဲ့ ဖန်တီးထားပြီး အမြင့်ပေ ၂၀၀၀ ကျော်မှာရှိတဲ့ Christ the Redeemer ရုပ်တုဟာ ကမ္ဘာ့အံ့ဘွယ် ၇ ပါးထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ယခင်ကလည်း Christ the Redeemer ရုပ်တုဟာ မိုးကြိုးထိမှန်ခဲ့ဖူးပြီး ၂၀၀၈ ခုနှစ်က မိုးကြိုးကြောင့် ရုပ်တုရဲ့ ညာလက်မပျက်စီးသွားလို့ ပြင်ဆင်ခဲ့ရသလို ၂၀၁၄ ခုနှစ်မှာလည်း ဦးခေါင်းကို မိုးကြိုးထိမှန်ခဲ့ပါသေးတယ်။

အကြောင်းအမျိုးမျိုးကြောင့် ရုပ်တုဟာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမယ့် ရာဇီးအစိုးရ နဲ့ ပြည်သူတွေက ရုပ်တုကို ထိန်းသိမ်းကာ ယခင်အခြေအနေအတိုင်း ပြန်လည်ပြုပြင်ခဲ့ကြပါတယ်။

Ref; Lightning Strikes Brazil’s Christ The Redeemer Statue, Pic Stuns Internet

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။