Trending Now

ယူကရိန်းတွင် ၅နှစ်သားကလေးကို မူးပြီးပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရ

Spread the love

ယူကရိန်းတွင် ၅နှစ်သားကလေးကို မူးပြီးပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ ဇွန် ၅

ယူကရိန်းနိုင်ငံမှာ အရက်သေစာမူးယစ်ပြီး ပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး မှုအတွက် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထားပါတယ်။

အခုဖြစ်ရပ်ကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဥပဒေပ ပြုမူမှုတွေ အပေါ် ဒေသ ခံပြည်သူတွေက အမျက်ဒေါသထွက်လျက်ရှိနေပါတယ်။ ပစ်ခတ်မှုဟာ မေလ ၃၁ ရက်နေ့က မြို့တော် ကိဗ် အနောက်တောင်ပိုင်း ၇၀ ကီလိုမီတာအကွာက မြို့တစ်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အရက်သေစာသောက်စား မူးယစ်နေတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ သတ္တုဘူးတွေကို ပစ်ခတ်ခဲ့ရာက ကလေးငယ်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ သေနတ်ကျည်ဦးခေါင်းကို ထိမှန်ခဲ့တဲ့ ကလေးငယ်ကို ဆေးရုံမှာ နှစ်ကြိမ်တိုင် ခွဲစိပ်မှုပြုလုပ်ခဲ့ပေမယ့် ဇွန်လ ၁ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

တရားခံ ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ကလေးငယ်ဟာ ချော်လဲပြီး ဦးခေါင်းကို ကျောက်တုံးနဲ့ ရိုက်မိခဲ့တာလို့ ကနဦး ထွက်ဆိုခဲ့ပါတယ်။ ကလေးငယ်သေဆုံးပြီးနောက်မှာ ရဲတပ်ဖွဲ့ နှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး ကိဗ် တရားရုံးက အာမခံမပေး ဖို့ ဇွန်လ ၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ လူသတ်မှုနဲ့ ပြစ်မှုထင်ရှားခဲ့ရင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံရဖွယ်ရှိနေတယ်လို့ သတင်းရရှိပါတယ်။

Ref;CNA Policemen arrested in Ukraine over drunken shooting of 5-year-old boy


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။