Trending Now

အပြစ်မဲ့ခရီးသွားပြည်သူမိသားစုအား KIA ၊ PDF ပူးပေါင်းအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်

Spread the love

အပြစ်မဲ့ခရီးသွားပြည်သူမိသားစုအား KIA ၊ PDF ပူးပေါင်းအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်

EPN
ဝိုင်းမော်၊ ဩဂုတ် ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော် – ဗန်းမော်လမ်းမကြီးပေါ်ရှိ အောင်မြေ -၂ (၉) မိုင်ရွာအထွက်တွင် ဇူလိုင်လ ၃၀ ရက်နေ့၊ ညနေ ၄နာရီ အချိန်ခန့်တွင် အပြစ်မဲ့ ပြည်သူ အိမ်စီးကားအား KIA ၊ PDF ပူးပေါင်း အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက္မှုကြောင့် အပြစ်မဲ့ ပြည်သူ စီးလာသည့် အိမ်စီးကားနှင့် အမျိုးသမီးတစ်ဦး နို့စို့အရွယ် ကလေးငယ်တစ်ဦးနှင့် ဖခင် ဖြစ်သူတို့ မိုင်းဆထိမှန်ခဲ့ကြောင်း ဒူးလေးပါတီ (နာယက) ဦးရွှေမင်းက ထည့်သွင်းပြောဆိုသည်။

” ဇူလိုင်လ ၃၀ရက်နေ့မှာ အပြစ်မဲ့ပြည်သူ မိသားစု အောင်မြေ (၂) ဘက်အသွား ညနေ ၄နာရီခွဲ အချိန်မှာ မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရတယ်။ နို့စို့အရွယ်ကလေးလည်း ထိခဲ့တယ်။ ကလေးအမေကပိုပြီး ထိခိုက်ခဲ့တယ်။ ကားမောင်းတဲ့ အမျိုးသားလည်း ထိခိုက်ခဲ့တယ်။ အရေးပေါ် နီးစပ်ရာ စစ်တပ် ဆေးခန်းမှာ အရင်ကုသသွားတယ် ” ဟု ယင်းကရှင်းပြသည်။

အဆိုပါ ဖြစ်ပွားမှုများရှိခဲ့၍ ဝိုင်းမော်မြို့နယ်အတွင်းက ဌာနဆိုင်ရာ အဖွဲ့အစည်း ဝန်ထမ်းများ အနေဖြင့် ကန့်သတ်ဧရိယာသို့ သွားလာခြင်း မပြုလုပ်ကြရန် သတိပေး တားမြစ်ထားကြောင်း သိရသည်။

KIA၊ PDF ပူးပေါင်း အဖွဲ့မှ အပြစ်မဲ့ သူများကိုမချန် မိုင်းထောင်တိုက်ခိုက်ခြင်းနှင့် အဖျက္အမှောက် လုပ်ငန်းများကို စဉ်ဆက္မပြတ် ပြုလုပ်ကာ အပြစ်မဲ့ ပြည်သူများအား အကြောက်တရားဖြင့် နိုင့်ထက်စီးနင်း ဗိုလ်ကျ ဆက်ဆံနေကြောင်း ဦးရွှေမင်းက ထည့်သွင်းပြောဆိုသည်။

” KIA ၊ PDF အဖွဲ့ကတော့ အပြစ်မဲ့ပြည်သူလည်း မချန်ဘူး။ သူတို့ လုပ်နေကြအတိုင်း အဖျက်အမှောက် လုပ်မယ်။ မိုင်းထောင်ဖောက်ခွဲမယ်။ ထိချင်တဲ့သူ ထိဆိုတဲ့ သဘောနဲ့ ဘရမ်းဘတာ တွေကို လုပ်နေတယ်။ အကြောက်တရားနဲ့ ဗိုလ်ကျ‌နေတာပဲ ဖြစ်တယ်။ ဇူလိုင်လ ၃၀ရက်နေ့ ညနေပိုင်းမှာပဲ ကျနော်တို့ လီဆူ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ KIA ၊ PDF အဖွဲ့တို့ တိုက်ပွဲငယ် ဆက်ဖြစ်ခဲ့တယ်။ ဂါဒယန် ရွာအဝင် သင်ချိုင်းကုန်းမှာ မိုင်းနှစ်လုံးကွဲတယ်။ အပြန်လှန် ပစ်ခတ်မှု ဆက်ဖြစ်ခဲ့တယ် ” ဟု ၎င်းကပြောသည်။

မြစ်ကြီးနား – ဗန်းမော်သွားလမ်းပိုင်တွင် ပြီးခဲ့သည့် လပိုင်းကစ၍ တပ်မတော်နှင့် KIA လက်နက်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားမှုများ‌ေကြာင့် ယင်းလမ်းပိုင်းအား KIA မှ တားမြစ်ပိတ်ပင်ခြင်းများ ပြုလုပ်၍ ဖြတ်သွားဖြတ်လာလုပ်သည့် ပြည်သူများကိုပါ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်း ပစ်ခတ်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ ငါးဦးခန့် ထိခိုက်ဒဏ်ရာ များနှင့် မော်တော်ယာဉ်များ ပျက်စီးခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပိုင်ကြီး
photo-crd


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။