Trending Now

ယူကရိန်းစစ်ပွဲမှာ ရုရှားက ဆောင်းကို လက်နက်အဖြစ် အသုံးပြုနေတယ်လို့ နေတိုး ပြော

Spread the love

ယူကရိန်းစစ်ပွဲမှာ ရုရှားက ဆောင်းကို လက်နက်အဖြစ် အသုံးပြုနေတယ်လို့ နေတိုး ပြော

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉

အနောက်အုပ်စုက အခုဆောင်းရာသီမှာ ယူကရိန်းကို ပံ့ပိုးကူညီမှုတွေ တိုးမြင့်ပေးမယ်လို့ ကတိပြုထားတာကြောင့် ရုရှားက စွမ်းအင်နဲ့ အခြားအခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ နေတိုးအတွင်းရေးမှုးချုပ်က ပြောပါတယ်။

“သမ္မတပူတင်ဟာ အခု ဆောင်းရာသီကို စစ်လက်နက်အဖြစ် အသုံးပြုဖို့ ကြိုးစားနေပြီး ဒါဟာ ကြောက်မက်ဖွယ်ကောင်းတဲ့အတွက် နောက်ထပ် တိုက်ခိုက်မှုတွေအတွက် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်” လို့ ဘူခါရက်စ်မှာ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မှာ နေတိုးအတွင်းရေးမှုးချုပ်က ပြောကြားခဲ့ပါတယ်။

ရုရှားဟာ အောက်တိုဘာ လအစောပိုင်းကတည်းက ထိုးစစ်ဆင်မှုကို အရှိန်လျော့ကာ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အပတ်စဉ် ဒုံးကျည် အမြောက်အများနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် အခုနှစ်ဆောင်းရာသီအတွင်း ကီယက်ဗ်မြို့တော်နဲ့ အခြားမြို့တွေမှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှုတွေ ကြုံတွေ့နေရပြီး ယူကရိန်းနိုင်ငံသားတွေဟာ ပြင်းထန်တဲ့ အအေးဒဏ်ကို ခံစားနေရတယ်လို့ ဆိုပါတယ်။

ယူကရိန်းအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ရုရှားရဲ့ လုပ်ရပ်ဟာ အရပ်သားတွေကို အန္တရာယ်ပြုဖို့ ရည်ရွယ်ထားတဲ့ တိုက်ခိုက်မှုတွေဖြစ်လို့ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့ ယူကရိန်းက တောင်းဆိုထားပါတယ်။

မော်စကိုက အရပ်သားတွေကို ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်ကို ငြင်းဆိုထားပေမယ့် ယူကရိန်းက ရုရှားရဲ့ တောင်းဆိုချက်တွေကို လိုက်လျောညီထွေ မပေးဘူးဆိုရင် သူတို့ရဲ့ ဆင်းရဲဒုက္ခတွေက ပြီးဆုံးမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။

— ကိုးကား —
aljazeera
ref; NATO says Russia using winter as a weapon in Ukraine war

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။