Trending Now

ဖားကန့်ကျောက်စိမ်းမှော်တွင် တရားမဝင်ကျောက်စိမ်းတူးဖော်နေသည့် လူနှင့်စက်ယန္တရားများအား ဖမ်းဆီးရမိ

Spread the love

ဖားကန့်ကျောက်စိမ်းမှော်တွင် တရားမဝင်ကျောက်စိမ်းတူးဖော်နေသည့် လူနှင့်စက်ယန္တရားများအား ဖမ်းဆီးရမိ

EPN
ဖားကန့်၊ မတ် ၂၃

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊နမ့်မှော်ကျေးရွာအနီးရှိ သက်တမ်းကုန် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွင် တရားမဝင် တူးဖော်နေသည့် လူနှင့်စက်ယန္တရားများအား ယမန်နေ့က မိုးညှင်းခရိုင် ရဲတပ်ဖွဲ့ဦးဆောင်ဖမ်းဆီး၍ အရေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ (၂၂) ရက် နံနက် (၉) နာရီ အချိန်ခန့်က မိုးညှင်းခရိုင်ရဲမှူး ဒုရဲမှူးကြီး ခန့်ကိုအောင် ကြီးကြပ်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နမ့်မှော်ကျေးရွာအနီးရှိ သက်တမ်းကုန်ဆုံးနေသည့် နေလပွင့်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွင် တရားမဝင် ဝင်ရောက်တူးဖော်နေသည့် လူနှင့်စက်ယန္တရားများအား သက်သေများရှေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

အဆိုပါ သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်အတွင်း ဝင်ရောက်တူးဖော်လုပ်ကိုင်နေသည့် ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီမှ ကြီးကြပ်သူ ဦးရဲအောင်နှင့် စက်ယန္တယားယာဉ်မောင်း (၄) ဦးတို့အား ဘက်ဟိုးစက်ကြီး (၂)စီး၊ မြေသယ်ယာဉ်ကြီး(၂)စီးတို့နှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

အဆိုပါ သက်တမ်းကုန် နေလပွင့်ကုမ္ပဏီလုပ်ကွက် အမှတ် သ/မ(၃၇၅)အတွင်း ကျောက်စိမ်းတူးဖော်ရေးအား ယာဉ်ယန္တရားကြီးများဖြင့် တရားမဝင် လုပ်ကိုင်နေသူများအား ကျောက်မျက်ဥပဒေပုဒ်မ-၅၀(ခ) ဖြင့် အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း – နောင်ရိုး
ဓါတ်ပုံ – နိုင်မိုး(လုံးခင်း)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။