Trending Now

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုအပြီး အမေရိကန်အုပ်ချုပ်ရေးမှူး ထိုင်ဝမ်ကို သွားရောက်ပြန်

Spread the love

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုအပြီး အမေရိကန်အုပ်ချုပ်ရေးမှူး ထိုင်ဝမ်ကို သွားရောက်ပြန်

EPN
နိုင်ငံတကာ ၊ဩဂုတ် ၂၁

အမေရိကန်အဏာပိုင်တွေရဲ့ ခရီးစဉ်တွေကြောင့် တရုတ်နဲ့ တင်မာမှုတွေမြင့်တက်နေတဲ့ ထိုင်ဝမ်ကို အမေရိကန် အင်ဒီးယားနာပြည်နယ် အုပ်ချုပ်ရေးမှုက သြဂုတ်လ ၂၁ ရက်နေ့က သွားရောက်ခဲ့ပါတယ်။

အမေရိကန် အောက်လွတ်တော်ဥက္ကဌ ပေလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်စတင်ချိန်ကတည်းက တရုတ်နဲ့ ထိုင်ဝမ်ဟာ တင်းမာမှုတွေမြင့်တက်လာခဲ့ပြီး တရုတ်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အင်ဒီးယားနာပြည်နယ် အုပ်ချုပ်ရေးမှူး အဲရစ်ဟိုးကွန်က စီးပွားဖွံ့ဖြိုးတိုးတက်ရေးခရီးစဉ်အတွက် ထိုင်ဝမ်ကို လာရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ခရီးစဉ်အတွင်းမှာ တောင်ကိုရီးယားကိုလဲ သွားရောက်ဖို့ရှိတယ်လို့ ဆိုပါတယ်။

“ဒီအပတ်ခရီးစဉ်မှာ ဆက်ဆံရေးအသစ်တွေ တည်ဆောက်ဖို့အတွက် ထိုင်ဝမ်၊ တောင်ကိုရီးယားတို့နဲ့ မိတ်ဖက်ဆက်ဆံရေးတွေ ခိုင်မာလာဖို့ဆောင်ရွက်သွားမယ်” လို့ အဲရစ်က တွစ်တာမှာရေးသားခဲ့ပါတယ်။

အမေရိကန်အာဏာပိုင်တွေရဲ့ ထိုင်ဝမ်ခရီးစဉ်တွေကြောင့် ဒေါသထွက်နေတဲ့ တရုတ်နိုင်ငံက အခုခရီးစဉ်ကိုလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း နဲ့ ထိုင်ဝမ်ကို တရားဝင်ဆက်ဆံမှုတွေမပြုလုပ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို လိုအပ်ပါက အင်အားသုံးသိမ်းပိုက်မယ်ဆိုတဲ့ အဆက်မပြတ်ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်ဟာ အမိမြေကို ကိုယ်တိုင်ကာကွယ်ဖို့ သန္နိဌန် ချထားတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်းဝမ်း ကပြောဆိုထားပါတယ်။

“ထိုင်ဝမ်ရေလက်ကြား တဝိုက်မှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ် အခုအချိန်ဟာ ဒီမိုကရေစီမဟာမိတ်တွေ အတူတကွရပ်တည်ပြီး နယ်ပယ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရမှာ ဖြစ်ပါတယ်။” လို့ ထိုင်ဝမ်သမ္မတက ပြောပါတယ်။

ထိုင်ဝမ်ကို တရုတ်ပြည်ရဲ့ပိုက်နက်အဖြစ် ဘေဂျင်းက မှတ်ယူထားပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ထိုင်ဝမ်ကို ဘယ်တုန်းကမျှ မအုပ်ချုပ်ခဲ့ဖူးတဲ့အတွက် ထိုင်ဝမ်အနာဂတ်ကို ထိုင်ဝမ်ပြည်သူ ၂၃ သန်းကသာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။

Source – BP/ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။