Trending Now

အမေရိကန်နိုင်ငံ ဘုရားကျောင်းတစ်ခုရှေ့မှာ ပစ်ခတ်မှုဖြစ်ပွားလို့ သုံးဦး သေဆုံးခဲ့

Spread the love

အမေရိကန်နိုင်ငံ ဘုရားကျောင်းတစ်ခုရှေ့မှာ ပစ်ခတ်မှုဖြစ်ပွားလို့ သုံးဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ မေ ၁၆

နယူးမက္ကဆီကိုပြည်နယ်ရှိ ဘုရားကျောင်းတစ်ခု အပြင်ဘက်မှာ အသက် ၁၈ နှစ်အရွယ်သေနတ် သမားတစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူသုံးဦးသေဆုံးခဲ့ပါတယ်။

ဖာမင်တန်မြို့ရှိ လူနေရာကွက်တစ်ခုမှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ရဲအရာရှိနှစ်ဦးအပါအဝင် လူအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အစုလိုက်အပြုံလိုက် ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် သေနတ်သမားကို အခင်းဖြစ်ပွားရာနေရာမှာ အသေ ပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသူ သုံးဦးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုထားခြင်းမရှိသလို ဘာ့ကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဖာမင်တန် ဒုတိယရဲချုပ် ခါရမ် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သူဘာကြောင့် ဒီရပ်ကွက်မှာရှိနေလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ဖို့ ကြိုးစားနေတုန်းပါပဲ” လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ အမေရိကန်မှာ အခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၂၂၅ မှုအတွင်း နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်လာခဲ့တယ်လို့ အကျိုးအမြတ်မယူတဲ့ Gun Violence Archive အဖွဲ့က ပြောပါတယ်။

Ref; Aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။