Trending Now

အင်းတော်ကြီးဒေသ ရွှေမဉ္ဇူရေလည်ဘုရားတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများ ပုံမှန်လာရောက်ဖူးမြော်နေဆဲဟုဆို

Spread the love

အင်းတော်ကြီးဒေသ ရွှေမဉ္ဇူရေလည်ဘုရားတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများ ပုံမှန်လာရောက်ဖူးမြော်နေဆဲဟုဆို

EPN
အင်းတော်ကြီး၊ မတ် ၂၅

ကော်ရိုနာဗိုင်းရစ်ပ် (Covid-19) ရောဂါပိုးကူးစက်မှု မြန်မာနိုင်ငံတွင်စတင်ရှိလာသော်လည်း မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင် အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည် ခရီးသွားများပုံမှန်လာရောက်ဖူးမြော်နေဆဲဟု ရွှေမဉ္ဇူဘုရားဂေါပကအဖွဲ့မှ သိရသည်။

“ ဘုရားမှာတော့ နေစဉ်ပုံမှန် အနယ်နယ်အရပ်ရပ်က ကားတွေ ၃ စီးကနေ ၅ စီးအထိနေ့စဉ် လာရောက် ဖူးမြော်လည်ပတ်နေပါတယ် ဒီနေ့ကတော့ပုံမှန်အနေအထားမှာရှိနေတယ် မနက် (၇) နာရီက နေ့လယ် (၁၂)နာရီအထိပေါ့လေ ကော်ရိုနာဗိုင်းရစ်ပ် (Covid-19) ကမ္ဘာ့အဝန်း၌ ဖြစ်နေပေမဲ့လည်း နေ့စဉ်လာတာတော့ပုံမှန်အနေအထားပါပဲ” ဟု ဘုရားဂေါပကအဖွဲ့မှ ဦးသောင်းညွှန့်ကပြောသည်။

မတ်လ ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန်၌ ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ (၂) ဦးနှင့် မတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် ကူးစက်ခံရသူ (၁)ဦး စုစုပေါင်း သုံးဦးရှိနေပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

“ကျန်းမာရေးနဲ့ပတ်သက်လို နယ်ဝေးရပ်ဝေးက အင်းတော်ကြီးဒသ ဘုရားဖူး လာရောက်ကြသူများကို ကြိုတင်ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ရင်တော့ကောင်းတာပေါ့။ ပိတ်မယ်ဆိုရင်တော့ကျနော်တို့က ပိတ်ခွင့်မရှိပါဘူး ပြည်နယ်အစိုးရရဲ့ လမ်းညွှန်ချက်ရရှိမှသာ ပိတ်ရမှာပါ။ ပိတ်ဖို့လမ်းညွှန်ချက်တွေ မရရှိသေးပါဘူး။ ပိတ်ရင်လည်းကျနော်တို့က ဂေါပကတာဝန် ဘုရားလုံခြုံရေးအရ ရှိနေမှာပါ ဒေသကလူတွေကတော့ ဘုရားဖူးအမြဲရှိနေမှာပါ”ဟု ဘုရားဂေါပကအဖွဲ့မှ ဦးသောင်းညွှန့်က ပြောသည်။
 

အင်းတော်ကြီးဘုရားကို ယခုဆိုလျှင် တစ်ရက်လျှင် ပျှမ်းမျှလူဦးရေ တစ်ရာကျော် နှစ်ရာဝန်းကျင်ခန့် လာရောက်ဖူးမျှော် ကြသည်ဟုသိရသည်။

လက်ရှိဖြစ်ပွားနေသည့် ရောဂါကာကွယ်ရေးအတွက်လည်း ဗီနိုင်းများ၊ လက်ဆေးကန်များကို လွန်ခဲ့သည့် ဘုရားပွဲရာသီ ကတည်းကစ၍ ယခုအချိန်ထိ ဒေါ်ပုလဲဓမ္မာရုံရှေ့တွင်ထားရှိထားပြီး ထပ်မံတိုးချဲ့ထားရှိရန်လည်း ပြင်ဆင်နေကြောင်း ၎င်းကဆို သည်။

မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်မှာ ကော်ရိုနာဗိုင်းရစ်ပ် (Covid-19) ရောဂါပိုးကူးစက်ခံထားရသူ ယနေ့ မတ်လ ၂၅ ရက်နေ့ထိ (၃) ဦးထိရှိလာပြီဖြစ်သည်ဟုသိရသည်။

ကော်ရိုနာဗိုင်းရပ်စ် (COVID -19) ကပ်ရောဂါကူးစက်မှုမရှိစေရန် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ပွဲလမ်းသဘင်များ၊ တရားပွဲများ၊ ဘာသာရေးပွဲများ၊ ရိုးရာပွဲများ၊ ဖျော်ဖြေရေးပွဲများ၊ နွေရာသီသင်တန်းများတွင် လူစုလူဝေးများ မပြုလုပ်ရန် မတ်လ ၂၅ ရက်နေ့က နောက်ဆုံးပိတ်သိမ်းရန် ထုတ်ပြန်ကြေညာထားသည်ဟု အုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။