Trending Now

ပြင်သစ် အဓိကရုဏ်းကြောင့် လူပေါင်း ၇၀၀ ကျော်ကို ထောင်ချ

Spread the love

ပြင်သစ် အဓိကရုဏ်းကြောင့် လူပေါင်း ၇၀၀ ကျော်ကို ထောင်ချ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၀

ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့လနှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် လူပေါင်း ၇၀၀ ကျော်ကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံရဲ့တရားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားပြီး တရားသူကြီးတွေရဲ့ ခိုင်မာတဲ့တုံ့ပြန်မှုကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။

စုစုပေါင်း စီရင်ချက် ၁,၂၇၈ မှု ချမှတ်ခဲ့ပြီး တရားခံ ၉၅ ရာခိုင်နှုန်းကျော်ကို အများပိုင်ပစ္စည်း ဖျက်ဆီးမှုကနေ ရဲအရာရှိတွေကို တိုက်ခိုက်မှုတွေအထိ စွဲချက်အမျိုးမျိုးနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ လူပေါင်း ၆၀၀ ကျော်ကို ထောင်ချထားပြီဖြစ်ကြောင်းနဲ့” “ခိုင်မာပြီး စနစ်ကျတဲ့ တုံ့ပြန်မှုတစ်ခုရှိဖို့ အလွန်အရေးကြီးပါတယ်” လို့ တရားရေးဝန်ကြီး အဲရစ် ဒူပွန်ဒ်-မိုရက်တီက RTL ရေဒီယိုကို ပြောကြားခဲ့ပါတယ်။

၂၀၀၅ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးမြို့ပြအကြမ်းဖက်မှုဟာ ပါရီမြို့အနောက်ဘက်က နေရာတစ်ခုမှာ ရဲအရာရှိတစ်ဦးက အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်နေ့က စတင်ခဲ့တာဖြစ်ပါတယ်။

ထိပ်တန်းရဲ အထူးတပ်ဖွဲ့တွေနဲ့ သံချပ်ကာယာဉ်တွေ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၅,၀၀၀ ခန့်ကို ချထားပေးခဲ့တဲ့အတွက် လေးညကြာ ပြင်ထန်းတဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် အဓိကရုဏ်းတွေကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဓိကရုဏ်းတွေအတွင်း ဖမ်းဆီးခံရသူ ၃၇၀၀ ကျော်ရဲ့ ပျမ်းမျှအသက်ဟာ ၁၇ နှစ်ဝန်ကျင်သာရှိကြပြီး အရွယ်မရောက်သေးသူတွေကိုလည်း သီးခြားကလေးတရားရုံးတွေမှာ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

Ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။