Trending Now

ခြောက်ဘီးကား တိမ်းမှောက်မူကြောင့် အမျိုးသမီး ၃ ဦး သေဆုံးမူ ဗန်းမော်မြို့တွင်ဖြစ်ပွား

Spread the love

ခြောက်ဘီးကား တိမ်းမှောက်မူကြောင့် အမျိုးသမီး ၃ ဦး သေဆုံးမူ ဗန်းမော်မြို့တွင်ဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၃

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ၃ မိုင်မြို့ရှောင် ပတ်လမ်းတွင် ခြောက်ဘီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မူကြောင့် အမျိုးသသမီး ၃ ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဗန်းမော်လူမူကူညီ‌ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဗန်းမော်မြို့မှ ဒေါ့ဖုန်းယန်ဘက်သို့ ရွေ့ပြောင်းအလုပ်သားများ စုစုပေါင်း ကားဆရာအပါအဝင် (၈) ဦးနှင့်အတူ ဘိလပ်မြေများ တင်ဆောင်သည့် တုန်ဖုန်း ခြောက်ဘီးကားမှာ ၃ မိုင်မြို့ရှောင်ပတ်လမ်းအရောက်တွင် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ရာ ယာဉ်တွင်လိုက်ပါလာသည့်အလုပ်သားများ ဘိလပ်မြေအိတ်များ ဖိဒဏ်ရာများရရှိခဲ့ကာ အမျိုးသမီးနှစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ရပြီး အမျိုးသမီးတစ်ဦးမှာ ဆေးကုသခံယူနေစဉ် ယမန်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က သေဆုံးခဲ့ရကြောင်း ဗန်းမော်လူမူကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့သွားတဲ့အချိန်က သေဆုံးတာမတွေ့ရသေးဘူး ဘီလပ်‌မြေအိတ်တွေနဲ့ဖိနေတဲ့လူနာတွေကို ဆယ်ပေးခဲ့တာ၊ ဗန်းမော်ပြည်သူ့ဆေးရုံရောက်တော့ အမျိုးသမီးနှစ်ဦးက အသက်မရှိတော့ဘူး အခြားသူတွေလည်း ဒဏ်ရာတွေနဲ့ ဆေးကုသနေကြတာ၊အဲ့လိုဆေးကုနေရင်း မိန်းကလေးတစ်ဦးက ညမှာပြန်ဆုံးသွားတယ်၊ သေတာက မိန်းကလေးတွေပဲ ၃ ယောက်ပေါ့၊ စုစုပေါင်း ကားဆရာအပါအဝင် ၈ ယောက်ရှိတဲ့အထဲ သုံးယောက်က သေသွားတယ်၊ကျန်တဲ့ ၃ ယောက်ကတော့ အရိုးပိုင်းတွေထိခိုက်ထားလို့ ဆေးကုနေတယ်၊ ကျန်တဲ့ ၂ ယောက်တော့ ဆေးရုံတင်စရာမလိုဘူးထိခိုက်ဒဏ်ရာ အဲ့လောက်မရဘူးဆိုတော့ဆေးရုံမတင်လိုက်ရဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါ သေဆုံးသူအမျိုးသမီး ၃ ဦးမှာ မဆုမြတ်တိုး အသက် ၁၉ နှစ်၊ ဒေါ်သင်းသင်း အသက် ၄၅နှစ်နှင့် ဒေါ်ဝင်းမာ အသက် ၅၀ နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့တွင်လည်း ဗန်းမော်မြို့တွင် ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မူကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။