Trending Now

တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသာ ၇၀၀ ကျော်ကို နေရပ်ပြန်ပို့ဖို့ အိန္ဒိယ အမိန့်ပေး

Spread the love

တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသာ ၇၀၀ ကျော်ကို နေရပ်ပြန်ပို့ဖို့ အိန္ဒိယ အမိန့်ပေး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၉

မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ အရပ်သားတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ကလေး ၃၀၁ ဦးနဲ့ အမျိုးသမီး ၂၀၈ ဦး အပါအဝင် မြန်မာနိုင်ငံသား ၇၁၈ ဦး မဏိပူရပြည်နယ်၊ ချန်ဒယ်ခရိုင်အတွင်းကို ဇူလိုင်လ ၂၃ ရက်နေ့က ဝင်ရောက်လာခဲ့ကြောင်း The Statesman သတင်းဌာနက ဖော်ပြထားပါတယ်။

ပြည်နယ်အစိုးရက မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့ဖို့နဲ့ စာရွက်စာတမ်းမပါရှိပဲ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဘာလို့ လက်ခံထားရသလဲဆိုတာကို အသေးစိတ်အစီရင်ခံတင်ပြဖို့ အာသံရိုင်ဖယ်တပ်တွေကို တောင်းခံထားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဗနီဂျိုရှီက ထုတ်ပြန်ထားပါတယ်။

|”တရားမဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးကို ချက်ချင်းပြန်ပို့ဖို့ အာသံရိုင်ဖယ်တွေကို ပြည်နယ်အစိုးရက တင်းတင်းကျပ်ကျပ် အကြံပြုထားပါတယ်” လို့ ပြည်နယ် အတွင်းရေးမှူးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ဇူလိုင်လ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့က မဏိပူရပြည်နယ်အတွင်းကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုအခါ မြန်မာနယ်စပ်တစ်လျောက် ကျေးရွာတွေဖြစ်တဲ့ လဂ်ျန်း၊ ဘွန်ဆေး၊ နယူးဆမ်တဲလ်၊ နယူးလန်း၊ ယန်နွမ်ဖိုင်၊ ယန်နွမ်ဖိုင်း စောစက်နှင့် အိုက်ဗွမ်ဂျန်း စတဲ့ ကျေးရွာတွေမှာ တည်းခိုနေတယ်လို့ သိရပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် အရ နယ်ခြားစောင့် တပ်ဖွဲ့ ဖြစ်တဲ့ အာသံ ရိုင်ဖယ် တပ်ဖွဲ့ အနေဖြင့် မဏိပူရ အတွင်းကို တရားဝင် ဗီဇာ နဲ့ ခရီးသွား စာရွက်စာတမ်း မပါဘဲ မြန်မာနိုင်ငံသားတွေ ဝင်ရောက်မှုကို တင်းကျပ်စွာအရေးယူဖို့ ညွန်ကြားထားတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကတည်းက မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၃၅,၀၀၀ ခန့်ရှိပြီး အခုအချိန်အထိ ပြည်နယ်အတွင်းမှာ နေထိုင်နေတယ်လို့ ဖော်ပြထားပါတယ်။

Ref; thestatesman

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။