Trending Now

မကၠစီကုိ ဘိန္းဘုရင္ကုိ အေမရိကန္က ေထာင္ဒဏ္ တစ္သက္ခ်မွတ္ခံရဖြယ္ရွိျပီး လြတ္လမ္းမရွိသည့္ ေထာင္ကုိ ပုိ႔ေဆာင္ဖြယ္ရွိေန

Spread the love

မကၠစီကုိ ဘိန္းဘုရင္ကုိ အေမရိကန္က ေထာင္ဒဏ္
တစ္သက္ခ်မွတ္ခံရဖြယ္ရွိျပီး လြတ္လမ္းမရွိသည့္ ေထာင္ကုိ ပုိ႔ေဆာင္ဖြယ္ရွိေန

EPN
ေဖေဖာ္ဝါရီ ၁၃

အေမရိကန္အေနျဖင့္ မကၠစီကုိ ဘိန္းဘုရင္ကုိ ဖမ္းဆီး အျပစ္ေပးလုိက္ေသာ္လည္း ဘိန္းကုန္သြယ္ေရးကိစၥေတြကို ေတာ႔ ရပ္တန႔္ႏုိင္ျခင္းမရွိေသးေၾကာင္း သိရသည္။

အသက္ ၆၁ ႏွစ္အရြယ္
Joaquín Guzmán ကုိ မူးယစ္ေဆးမႈျဖင့္ နယူးေယာက္တရားရုံးက ေထာင္ဒဏ္တစ္သက္ခ်မွတ္မႈမည့္ကိစၥသည္ မကၠစီကို မွ အေမရိကန္သုိ႔ ဘိန္းကုန္သြယ္မႈ နဲ ႔ အတူ လက္နက္ ကုိင္ေဆာင္မႈေတြ ေၾကာင့္ျဖစ္ေၾကာင္းလည္း ႏုိင္ငံတကာ သတင္းမ်ားရဲ ႔ ေခါင္းၾကီးပုိင္းမ်ားမွာ ေဖာ္ျပထားသည္။

Guzmán-Loera Organization လုိ႔ လူသိမ်ားသည့္ The Sinaloa Cartel အဖြဲ ႔ သည္ အေမရိကန္ျပည္ေထာင္စုတြင္ မူးယစ္ေဆး ျဖန္႔ျဖဴးမႈ အၾကီးမားဆုံးေသာ အဖြဲ ႔ အစည္းျဖစ္ျပီး ဘိန္းျဖဴ နဲ ႔ မက္သာဖက္တမင္း မ်ားကုိ အေမရိကန္ရဲ ႔ လမ္းေတြ ေပၚမွာ ျဖန္႔ျဖဴးမႈ ျပဳလုပ္ေနသည့္ အဖြဲ ႔ အစညး္လည္းျဖစ္သည္။

လြန္ခဲ႔တဲ ႔ ဆယ္စုႏွစ္တစ္ခုခန္႔ကတည္းက အေမရိကန္ ေတာင္ဘက္နယ္စပ္က မူးယစ္ေဆး သိမ္းဆည္းရမိမႈမ်ားသည္ အျခားေသာေနရာမ်ားထက္ ၉ ဆခန္႔ပုိမုိမ်ားျပားစြာေတြ ႔ရေၾကာင္းလည္း Drug Enforcement Administration အဖဲြ ႔အစည္းက ေျပာဆုိထားသည္။

Joaquín Guzmán သည္ ၂၀၁၆ မတုိင္မီက မကၠစီကိုတြင္ ေထာင္ဒဏ္ ၂ ၾကိမ္က်ခဲ႔ဖူးျပီး အမွတ္တကယ္ေထာင္ကုိပုိ႔မည့္ အခ်ိန္သည့္ လာမည့္ဇြန္လ ၂၅ ရက္ေန႔တြင ္ျဖစ္ဖုိ႔မ်ားျပီး နယူးေယာက္တရားရုံးကေတာ႔ မည္က႕ဲသုိ႔ေသာ ေထာင္ကို ပုိ႔ေဆာင္မည္ဆုိသည့္ ကိစၥအားထုတ္ေဖာ္ေျပာဆုိျခင္းမရွိေပ။

နယူးေယာက္မွာရွိသည့္ ေထာင္ပိုင္းဆုိင္ရာ နဲ ႔ တရားေရးရာကၽြမ္းက်င္ သူ ပါေမာကၡေတြကေတာ႔ Joaquín Guzmán အတြက္ လြတ္လမ္းမရွိသည့္ အေျခအေနျဖစ္ေၾကာင္းေျပာဆုိထားေပမဲ ႔ အခ်ဳိ ႔ေသာ မူးယစ္ဂုိဏ္းေတြ ကေတာ႔ ဒီကိစၥဟာ ဆပ္ကပ္ တစ္ခုလုိ ပဲျဖစ္ေၾကာင္းလည္းေျပာဆုိထားသည္။

အေမရိကန္အာဏာပုိင္ေတြ ကေတာ႔ Colorado ေထာင္ကဲ႔သုိ႔ တစ္စုံတစ္ဦးမွ ျပန္လည္ လြတ္ေျမာက္လာျခင္းမရွိသည့္ လုံျခဳံစိတ္ခ်ရဆုံးေသာေထာင္ကုိ Joaquín Guzmán အား ပုိ႔ေဆာင္ဖုိ႔ စီစဥ္ေနေၾကာင္းလည္း သတင္းေတြ ထြက္ေပၚေနသည္။

ကုိေဇာ္
————————–————————–———–
မက္ကစီကို ဘိန်းဘုရင်ကို အမေရိကန်က ထောင်ဒဏ်
တစ်သက်ချမှတ်ခံရဖွယ်ရှိပြီး လွတ်လမ်းမရှိသည့် ထောင်ကို ပို့ဆောင်ဖွယ်ရှိနေ

EPN
ဖေဖော်ဝါရီ ၁၃

အမေရိကန်အနေဖြင့် မက္ကစီကို ဘိန်းဘုရင်ကို ဖမ်းဆီး အပြစ်ပေးလိုက်သော်လည်း ဘိန်းကုန်သွယ်ရေးကိစ္စတွေကို တော့ ရပ်တန့်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အသက် ၆၁ နှစ်အရွယ် Joaquín Guzmán ကို မူးယစ်ဆေးမှုဖြင့် နယူးယောက်တရားရုံးက ထောင်ဒဏ်တစ်သက်ချမှတ်မှုမည့်ကိစ္စသည် မက္ကစီကို မှ အမေရိကန်သို့ ဘိန်းကုန်သွယ်မှု နဲ့ အတူ လက်နက် ကိုင်ဆောင်မှုတွေ ကြောင့်ဖြစ်ကြောင်းလည်း နိုင်ငံတကာ သတင်းများရဲ့ ခေါင်းကြီးပိုင်းများမှာ ဖော်ပြထားသည်။

Guzmán-Loera Organization လို့ လူသိများသည့် The Sinaloa Cartel အဖွဲ့ သည် အမေရိကန်ပြည်ထောင်စုတွင် မူးယစ်ဆေး ဖြန့်ဖြူးမှု အကြီးမားဆုံးသော အဖွဲ့ အစည်းဖြစ်ပြီး ဘိန်းဖြူ နဲ့ မက်သာဖက်တမင်း များကို အမေရိကန်ရဲ့ လမ်းတွေ ပေါ်မှာ ဖြန့်ဖြူးမှု ပြုလုပ်နေသည့် အဖွဲ့ အစည်းလည်းဖြစ်သည်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခန့်ကတည်းက အမေရိကန် တောင်ဘက်နယ်စပ်က မူးယစ်ဆေး သိမ်းဆည်းရမိမှုများသည် အခြားသောနေရာများထက် ၉ ဆခန့်ပိုမိုများပြားစွာတွေ့ရကြောင်းလည်း Drug Enforcement Administration အဖွဲ့အစည်းက ပြောဆိုထားသည်။

Joaquín Guzmán သည် ၂၀၁၆ မတိုင်မီက မက္ကစီကိုတွင် ထောင်ဒဏ် ၂ ကြိမ်ကျခဲ့ဖူးပြီး အမှတ်တကယ်ထောင်ကိုပို့မည့် အချိန်သည့် လာမည့်ဇွန်လ ၂၅ ရက်နေ့တွင ်ဖြစ်ဖို့များပြီး နယူးယောက်တရားရုံးကတော့ မည်ကဲ့သို့သော ထောင်ကို ပို့ဆောင်မည်ဆိုသည့် ကိစ္စအားထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

နယူးယောက်မှာရှိသည့် ထောင်ပိုင်းဆိုင်ရာ နဲ့ တရားရေးရာကျွမ်းကျင် သူ ပါမောက္ခတွေကတော့ Joaquín Guzmán အတွက် လွတ်လမ်းမရှိသည့် အခြေအနေဖြစ်ကြောင်းပြောဆိုထားပေမဲ့ အချို့သော မူးယစ်ဂိုဏ်းတွေ ကတော့ ဒီကိစ္စဟာ ဆပ်ကပ် တစ်ခုလို ပဲဖြစ်ကြောင်းလည်းပြောဆိုထားသည်။

အမေရိကန်အာဏာပိုင်တွေ ကတော့ Colorado ထောင်ကဲ့သို့ တစ်စုံတစ်ဦးမှ ပြန်လည် လွတ်မြောက်လာခြင်းမရှိသည့် လုံခြုံစိတ်ချရဆုံးသောထောင်ကို Joaquín Guzmán အား ပို့ဆောင်ဖို့ စီစဉ်နေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေသည်။

ကိုဇော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။