Trending Now

မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီးရှိ ကွန်ကရစ်ဓာတ်တိုင်တစ်တိုင် မိုင်းခွဲခံရ

Spread the love

မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီးရှိ ကွန်ကရစ်ဓာတ်တိုင်တစ်တိုင် မိုင်းခွဲခံရ

EPN

မြစ်ကြီးနား၊ မတ် ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအနီးရှိ ကွန်ကရစ်ဓာတ်တိုင်တစ်တိုင် မန်နေ့ ညပိုင်းက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ည ၇ နာရီအချိန်ခန့်တွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဗလမင်းထင်တံတားအနီး မြစ်ကြီးနား – ဗန်းမော် သွား ကားလမ်းမကြီးပေါ်ရှိ ကွန်ကရစ်ဓာတ်တိုင်တစ်တိုင်အား လက်လုပ်မိုင်းဖြင့် လာရောက် ဖောက်ခွဲဖျက်ဆီးသွားကြောင်း စီတာပူရပ်ကွက်နေ ပြည်သူတစ်ဦးထံမှ သိရသည်။

အဆိုပါဖောက်ခွဲမှုဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှကြောင်းနှင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

ကေကေ

See less

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။