Trending Now

တာမွေမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

တာမွေမြို့နယ်တွင် ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် စင်တင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက အမျိုးသား နှစ်ဦး သယ်ဆောင်လာသည့် ကျောပိုးအိတ်အတွင်းမှ ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် ကွင်ဆက် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့သည့် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ် ၊ ခေမာသီရိလမ်းတွင် သော်ဇင်ထက် မောင်းနှင်ပြီး ဝေဇင်ဖြိုး လိုက်ပါလာသည့် ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ပြား ( ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၅၀၀ ) အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက် ဖော်ထုတ်ချက်အရ ညနေ ၅ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ် ၊ အင်ကြင်းလမ်းတွင် စိတ်ကြွရူသွပ်ဆေးပြားရောင်းချသူ မောင်ကြည်အား ၎င်း ငှားရမ်းနေထိုင်သည့် နေအိမ်အတွင်းမှ လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူ ဝေဇင်ဖြိုး( ၂၄ )နှစ်၊ သော်ဇင်ထက် (၃၅)နှစ်နှင့် မောင်ကြည်( ၂၄) နှစ် တို့အား တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပစေအရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။