Trending Now

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေလင့်ကစား အင်ဒိုနီးရှားက စီးပွားရေးလုပ်ငန်းများကို ပြန်ဖွင့်တော့မည်

Spread the love

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်နေလင့်ကစား အင်ဒိုနီးရှားက စီးပွားရေးလုပ်ငန်းများကို ပြန်ဖွင့်တော့မည်

EPN
နိုင်ငံတကာ၊ မေ ၃၀

ကိုရိုနာဗိုင်းရပ်စ် ကူစက်မှုများ မြင့်တက်နေလင့်ကစား ကပ်ရောဂါဘေးသင့် စီးပွားရေး ပြန်လည်ကောင်း မွန်လာစေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် အင်ဒိုနီးရှားအစိုးရက ဇွန်လမှစ၍ စျေးဝယ်စင်တာများ၊ စားသောက်ဆိုင် များနှင့် ဖျော်ဖြေရေးနေရာများကို တစ်ဖြည်းဖြည်းချင်း ပြည်လည်ဖွင့်လှစ်မည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်မှုကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အဆင့်-၁ အောက်ရှိ ဧရိယာ များဖြစ်သော အစိမ်းရောင်ဇုန်များတွင် ဉီးစားပေးမည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရ သည်။ လက်ရှိတွင် ဂျကာတာမြို့တော်အပါအဝင် ပြည်နယ်ရှစ်ခုတွင် အစိမ်းရောင်ဇုန် ၁၀၀ ဝန်းကျင်ရှိသည်။ ဗ ဟိုဂျာဗားပြည်နယ်၏မြို့တော် ဆီမာရန်းမြို့တော်မှာ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန် အသင့်ဖြစ်ဆုံး နေရာတစ်ခုဟု မှတ်ယူရကြောင်း ကုန်သွယ်ရေးဝန်ကြီး အေဂတ်စ်စူပါမန်တိုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ကြားခဲ့သည်။

ကူးစက်မှုနှုန်း အဆင့်-၁ ဆိုသည်မှာ ကူးစက်လူနာ ၁၀ ဉီးက ပျမ်းမျှ လူ ၁၀ ဉီးကို ကူးစက်သည်ဟု ခန့် မှန်းခြင်းကို ဆိုလိုသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၅၂၀ ဉီး သေဆုံးခဲ့ရာ အရှေ့တောင် အာရှတွင် သေဆုံးမှုအမြင့်ဆုံးဖြစ်သည်။ မေလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် နှစ်ဆကျော်လာခဲ့ပြီး ယ မန်နေ့က ကူးစက်မှု စုစုပေါင်း ၂၅၂၁၆ အထိ ရောက်ရှိလာခဲ့သည်။

ဂျကာတာမြို့တော်နှင့် ကပ်လျက်ရှိရာ အ နောက်ဂျာဗားပြည်နယ်တွင် စီးပွား ရေးလုပ်ငန်းများ ပြန်လည်စတင်ခြင်းက စီးပွားရေးအတွက် သိသိသာသာ အ ထောက်အကူပြုကြောင်း စူပါမန်တို က ပြောသည်။

စက်မှုဇုန်အများအပြားရှိသည့် အနောက်ဂျာဗားပြည်နယ်မှာ ယခုနှစ် ပထမသုံးလအတွင်း အင်ဒိုနီးရှား နိုင်ငံ၏ စီးပွားရေးအတွက် တတိယအများဆုံး ထောက်ပံ့သည့်ပြည်နယ်ဖြစ်ကြောင်း စာရင်းအင်းဗျူရို၏ ပြော ကြားချက်အရ သိရသည်။ ဇွန်လ ၁ ရက်တွင် အကောင်အထည်ဖော်ရန် သတ်မှတ်ထားသော ပထမအဆင့်အရ ကျန်းမာရေးထုတ်ကုန်များ ရောင်းချသည့် ဆိုင်များကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။

အခြားကုန်ပစ္စည်းများ ရောင်းချသည့် စတိုးဆိုင်များက ဇွန်လ ၈ ရက်တွင် စတင်ရန်စီစဉ်ထားသည့် ဒုတိယအဆင့်တွင် လုပ်ငန်းလည် ပတ်နိုင်သည်။

အလှပြင်ဆိုင်များ၊ ပြတိုက်များ၊ ဖျော်ဖြေရေးနေရာများကို ဇွန်လ ၁၅ ရက်တွင် စတင်လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ပြီး ဘားများ၊ ကဖေးဆိုင်များကို ဇူလိုင်လ ၆ ရက်တွင် ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။

အင်ဒိုနီးရှားအစိုးရက သြ ဂုတ်လအစောပိုင်းတွင် စီးပွားရေးလုပ်ငန်းအားလုံး ပြန်လည်စတင်ရန် မျှော်မှန်းထားသည်။

–ကိုးကား–
ဘလွန်းဘဂ်
Indonesia to open malls, entertainment sites as coronavirus cases rise


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။