Trending Now

ဥရောပတွင် ပြင်းထန်သော မိုးခေါင်မှုကြောင့် ငါးများအစုလိုက်အပြုံလိုက် သေဆုံးခဲ့

Spread the love

ဥရောပတွင် ပြင်းထန်သော မိုးခေါင်မှုကြောင့် ငါးများအစုလိုက်အပြုံလိုက် သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၂

ဥရောပတွင် ပြင်းထန်သော မိုးခေါင်မှုကြောင့် ဂျာမန်နှင့် ပြစ်သစ်တို့တွင် စီးဆင်နေသည့်မြစ်အတွင်း ငါးများအစုလိုက်အပြုံလိုက် သေဆုံးနေသည်ကို စေတနာ့ဝန်ထမ်းများက သြဂုတ်လ ၁၁ ရက်နေ့တွင် တွေ့ရှိခဲ့ကြသည်။

ကမ္ဘာ့တောရိုင်းတရိစ္ဆာန် ထိန်းသိမ်းရေးမူဝါဒ ဒါရိုက်တာ ပီတာနီးဇနန်ဇကီ က စက်မှုလုပ်ငန်းများသည် အဆိပ်သင့် ဓာတုပစ္စည်းများကို ရေထဲသို့ စွန့်ပစ်ခဲ့တာကြောင့် မိုးခေါင်မှုကြောင့် ဖြစ်ပေါ်လာသော မြစ်ရေပမာဏနည်းပါးခြင်းကြောင့် ငါးများကို သေဆုံးစေခဲ့ကြောင်း ပြောကြားခဲ့သည်။

ဥရောပသည် မိုးခေါင်မှုကြောင့် လယ်ယာထွက်ကုန်နှင့် အခြားစားနပ်ရိက္ခာများ ဆုံးရှုံးခဲ့ပြီး ရာသီဥတုဖောက်ပြန်မှုနှင့် လေထုညစ်ညမ်းမှုတို့ကြောင့် လယ်သမားများနှင့် ဂေဟစနစ်များအတွက်ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေသည့် ပြင်းထန်သော အပူလှိုင်းနှင့် မိုးခေါင်မှုများ ခံစားနေရသည်။

ဥရောပတစ်ဝှမ်းမှာရှိသည့် မီးသတ်သမားများသည်လည်း တောမီးအကြီးအကျယ်လောင်ကျွမ်းနေမှုကို ထိန်းချုပ်ရန် ကြာသပတေးနေ့တွင် ရုန်းကန်ခဲ့ရပြီး ပြင်သစ်တောမီးကြောင့် လူ ၁၀,၀၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကာ အနည်းဆုံး အိမ် ၁၆ လုံး ပျက်စီးခဲ့သည်။

Source – AP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။