Trending Now

မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား (၁၀၀)ဦး မိုးညှင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ရောက်ရှိ

Spread the love

မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား (၁၀၀)ဦး မိုးညှင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ရောက်ရှိ

EPN
မိုးညှင်း ဇွန် ၂၁

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား(၁၀၀)ဦးသည် ဇွန်လ (၂၀) ရက်နေ့ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်တွင် မိုးညှင်းဘူတာသို့ ရောက်ရှိလာပြီး မိုးညှင်းအကျဉ်းထောင်သို့ ဆက်လက်ပို့ဆောင် ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးသန်းစိုးနှင့်တပ်ဖွဲ့ဝင် (၃၀)ဦးတို့ လုံခြုံရေးလိုက်ပါလျက် မြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းသား (၁၀၀)ဦးတို့အားအစုန် ပါဆယ်ရထားဖြင့် မိုးညှင်းအကျဉ်းစခန်းသို့ ပို့ဆောင်ရာ မိုးညှင်းမြို့မ ရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်ကျော်မင်းနိုင်နှင့် အဖွဲ့မှ စောင့်ကြိုလျက် အချုပ်ယာဉ် (၂)စီးဖြင့် မိုးညှင်း အကျဉ်းထောင် သို့ ပို့ဆောင်ခဲ့ရာ မိုးညှင်းအကျဉ်းထောင် ဒုတိယကြီးကြပ်ရေးမှူးအေးမင်းထွဋ် မှ လွှဲပြောင်း လက်ခံခဲ့ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။