Trending Now

ယူကရိန်းမှာ ဇီဝလက်နက်တွေ ထုတ်လုပ်နေတယ်လို့ မြောက်ကိုရီးယားက အမေရိကန်ကိုစွပ်စွဲ

Spread the love

ယူကရိန်းမှာ ဇီဝလက်နက်တွေ ထုတ်လုပ်နေတယ်လို့ မြောက်ကိုရီးယားက အမေရိကန်ကိုစွပ်စွဲ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၆

ယူကရိန်းမှာ ဇီဝလက်နက်တွေ ထုတ်လုပ်နေတယ်လို့ မြောက်ကိုရီးယားက အမေရိကန်ကို တနင်္ဂနွေနေ့က စွပ်စွဲခဲ့ပြီး မတ်လမှာ ကုလသမဂ္ဂက ပယ်ချခဲ့ တဲ့ ရုရှားရဲ့ တောင်းဆိုချက်ကို ထပ်မံတောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ရဲ့ မူဝါဒဟာ လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းအကျပ်အတည်းရဲ့ မူလဇစ်မြစ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အခုလအတွင်းမှာပဲ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးဒေသနှစ်ခုကို တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။

ယူကရိန်း အပါအဝင် နိုင်ငံနဲ့ ဒေသပေါင်း ဆယ်ခုမှာ နိုင်ငံတကာ ပဋိညာဉ်တွေကို လျစ်လျူရှုပြီးဆောက်လုပ်ထားခဲ့တဲ့ အမေရိကန်ရဲ့ ဇီဝဓာတ်ခွဲခန်း အများအပြားကို ရုရှားက ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ငါးလနီးပါး က ယူကရိန်းမှာ ဇီဝလက်နက်များ တီထွင်ထုတ်လုပ်ဖို့အတွက် ဝါရှင်တန်က သုတေသနပြုရန် ရန်ပုံငွေထောက်ပံခဲ့တယ်လို့ မော်စကိုက စွပ်စွဲခဲ့ပါတယ်။

ယူကရိန်းမှာ ဇီဝလက်နက်ထုတ်လုပ်ဖို့ ရည်ရွယ်တဲ့ ဓာတ်ခွဲခန်းတွေ မရှိခဲ့ကြောင်း အမေရိကန်နဲ့ ယူကရိန်းတို့က ငြင်းဆိုခဲ့ပြီး ရုရှားရဲ့ စွပ်စွဲချက်တွေဟာ ယူကရိန်းကိုကျူးကျော်ဖို့ အကြောင်းပြချက်သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ ရဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Izumi Nakamitsu ကလည်း ယူကရိန်းမှာ ဇီဝလက်နက်ထုတ်လုပ်နေတဲ့ လက္ခဏာတွေကို မတွေ့ရှိခဲ့ဘူးလို့ ပြီးခဲ့တဲ့ မတ်လအတွင်းက ပြောကြားခဲ့ပါတယ်။

Source – TDP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။