Trending Now

စမ်းသပ်မှုပြုလုပ်ဖို့ ရေအောက်မှာ ရက်ပေါင်း ၁၀၀ ကျော်နေထိုင်ခဲ့တဲ့ ပါမောက္ခ

Spread the love

စမ်းသပ်မှုပြုလုပ်ဖို့ ရေအောက်မှာ ရက်ပေါင်း ၁၀၀ ကျော်နေထိုင်ခဲ့တဲ့ ပါမောက္ခ

EPN
နိုင်ငံတကာ၊ ဇွန် ၁၀

ဒေါက်တာ ဂျိုးဆပ် ဒီတိုရီ ဆိုတဲ့ အမေရိကန် တက္ကသိုလ်ပါမောက္ခတစ်ဦးဟာ ခန္ဓာကိုယ်နဲ့ စိတ်ကို စမ်းသပ်မှုပြုလုပ်ဖို့အတွက် ဖလော်ရီဒါက ရေအောက် ပေ ၃၀ မှာရှိတဲ့ ဟိုတယ်အခန်းတစ်ခုမှာ ရက်ပေါင်း ၁၀၀ ကျော်နေထိုင်ခဲ့ပါတယ်။

ရေအောက်မှာ လူတွေ နေထိုင်တဲ့အခါဖြစ်ပေါ်လေ့ရှိတဲ့ မြင့်မားတဲ့ဖိအားတွေနဲ့ အထီးကျန်မှုကို လူ့ခန္ဓာကိုယ်နဲ့ စိတ်က ဘယ်လိုတုံ့ပြန်လေ့ရှိသလဲဆိုတာကို သိဖို့ ရေအောက်မှာ ရက်ပေါင်း ၁၀၀ ကျော်နေထိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒေါက်တာ ဒီတိုရီက ရေအောက်မှာ နေထိုင်စဉ်အတွင်း ဖိအားကြောင့်တိုးလာတဲ့ သူ့ခန္ဓာကိုယ်ပေါ်က သက်ရောက်မှုတွေကို လေ့လာဖို့အတွက် နေ့စဉ်စမ်းသပ်မှုတွေနဲ့ တိုင်းတာမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီတွေ့ရှိချက်တွေကို နိုဝင်ဘာလအတွင်း စကော့တလန်မှာ ပြုလုပ်မယ့် ကွန်းဖရင့်တစ်ခုမှာ မျှဝေသွားဖို့ သူက စီစဉ်ထားပြီး သူ့ရဲ့တွေရှိချက်တွေက သမုဒ္ဒရာသုတေသနပညာရှင်တွေနဲ့ အာကာသယဉ်မှူးတွေအပါအဝင် အနာဂတ်ကာလာမှာ ကြာရှည်စွာလုပ်ဆောင်ရမယ့် မစ်ရှင်တွေအတွက် တန်ဖိုးရှိနိုင်တယ်လို့ ဆိုပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ ဒီတိုရီဟာ “Dr. Deep Sea” ဆိုတဲ့ အမည်နဲ့ ကျော်ကြားတဲ့ တောင်ဖလော်ရီဒါတက္ကသိုလ်က ပညာတတ်တစ်ဦးဖြစ်ပြီး အငြိမ်းစား အမေရိကန် ရေတပ်အရာရှိတစ်ဦးလည်း ဖြစ်ပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။