Trending Now

အာကာသထဲမှာ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှု ကာကွယ်ဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချ

Spread the love

အာကာသထဲမှာ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှု ကာကွယ်ဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချ

EPN
နိုင်ငံတကာ၊ ဧပြီ ၂၆

အာကာသအတွင်း နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုကို ဟန့်တားဖို့ ရည်ရွယ်ထားတဲ့ ဂျပန်နဲ့အမေရိကန်တို့က အဆိုတင်သွင်းတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မူကြမ်းကို ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်မူကြမ်းက အာကာသကို ငြိမ်းချမ်းစွာအသုံးပြုမှုကို အားပေးတဲ့ Outer Space Treaty ကို အပြည့်အဝလိုက်နာဖို့ တောင်းဆိုထားပါတယ်။

နျူကလီးယားနဲ့ တခြား အစုလိုက်အပြုံလိုက် ပျက်စီးစေနိုင်တဲ့ လက်နက်တွေကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း ချထားဖို့အတွက် တီထွင်ထုတ်လုပ်မှုကို တားမြစ်ဖို့လည်း အဲဒီမူကြမ်းက တောင်းဆိုထားပါတယ်။

ဗုဒ္ဓဟူးနေ့ မဲခွဲဆုံးဖြတ်မှုမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲမှာ ၁၃ နိုင်ငံက အဲဒီမူကြမ်းကို ထောက်ခံခဲ့ပေမဲ့တရုတ်က ကြားနေခဲ့ပြီး ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

မဲခွဲဆုံးဖြတ်မှု ပြီးတဲ့နောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က “ကမ္ဘာတဝန်း နျူကလီယားလက်နက်မပြန့်ပွားရေး လုပ်ဆောင်မှုကို ရုရှားက အနှောင့်အယှက်ပေးတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ဘူး” လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီး Yamazaki Kazuyuki က “လုံခြုံရေးကောင်စီအနေနဲ့ ရိုးရှင်းပြီး အရေးပါတဲ့ ဒီလိုကတိကဝတ်မျိုးအပေါ် ဘာဖြစ်လို့ စည်းလုံးညီညွတ်မှု မရှိနိုင်တာလဲဆိုတာ နားလည်ရခက်တယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Vasily Nebenzia က ဒီကိစ္စကို လုံခြုံရေးကောင်စီမှာတင် မဟုတ်ဘဲ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက ဆွေးနွေးသင့်တယ်လို့ ပြောပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။