Trending Now

ပူတာအိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ခရိုင်စီမံခန့် ခွဲမှုကော်မတီ ကွင်းဆင်းစစ်ဆေး

Spread the love

ပူတာအိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ခရိုင်စီမံခန့် ခွဲမှုကော်မတီ ကွင်းဆင်းစစ်ဆေး

EPN
ပူတာအို၊ ဇွန် ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သည် ကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်(၁၂)ရက်က ပူတာအိုမြို့နယ် အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ပူတာအိုခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဌနှင့်တာဝန်ရှိသူများသည် ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြို့တွင်းလမ်းခင်းခြင်းနှင့် ပူတာအို-နမ်ခမ်-မချမ်းဘော့-နောင်မွန်လမ်းခင်းခြင်းလုပ် ငန်း ဆောင်ရွက်နေမှု၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရန်ပုံငွေဖြင့် ဂျူဗလီ-မကတ်မုံ ကျောက်ချောလမ်းကို ကုမ္ဗဏီနှစ်ခုမှ လမ်းအပိုင်းလိုက်ဆောင်ရွက်နေမှု ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာန ရန်ပုံငွေဖြင့် မကတ်မုံကျေးရွာ Steel Basket မြေထိန်းနံရံအလျား(၅၀၀)ပေနှင့် ကျောက်ဖြည့်ရေလွှဲ ရေကာ အလျား (၃၀၀)ပေ တည်ဆောက်နေမှု ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဂျူဗလီ-ဇီးအွန် လမ်း ကွန်ကရစ်ခင်းခြင်းကို ကုမ္ဗဏီနှစ်ခုမှ လမ်းအပိုင်းလိုက်ဆောင်ရွက်နေမှုတို့ကို သတ်မှတ်စံချိန်စံညွန်းနှင့် ကိုက်ညီမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အစိုးရစက်မှုလက်မှု သိပ္ပံအလုပ်ရုံ Steel Structure တည်ဆောက်ခြင်း ၊ ဝန်ထမ်းအိမ်ယာခြောက်ခန်းတွဲ သံကူကွန်ကရစ်နှစ်ထပ်ဆောက်လုပ်ခြင်း ၊ အစိုးရစက်မှုလက်မှုသိပ္ပံဆရာ ဆရာမအဆောင် RCလေးခန်းတွဲ နှစ်ထပ်တည်ဆောက်ခြင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ဝန်ထမ်းအိမ်ယာခြောက်ခန်းတွဲ သံကူကွန်ကရစ် နှစ်ထပ်တည်ဆောက်ခြင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ရဝမ်ရိုးရာစာပေနှင့် ယဉ်ကျေးမှုပြတိုက် Steel Structure တစ်ထပ်ဆောက်လုပ်ခြင်းနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ရန်ပုံငွေဖြင့် လေယာဉ်ကွင်း ရပ်ကွက် သဲကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးကြရာ သက်ဆိုင်ရာဌာနများနှင့်ကုမ္ဗဏီ များမှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကိုရှင်းလင်း တင်ပြကြပြီး ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌက ကိုဗစ်-၁၉ကာလအတွင်း လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန်စံညွန်းပြည့်မီရေးနှင့် သတ်မှတ်ကာလ အချိန်မီပြီးစီးရေးတို့ကို မှာကြားကာ လုပ်ငန်းခွင်အတွင်း လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့အပြင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများသည် ဇွန် (၁၁)ရက် နံနက်ပိုင်းက ပူတာအို မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်း (၁၇)ခုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။