Trending Now

ဖားကန္႔ေမွာ္ေဒသတြင္ လံုၿခံဳေရးရဲတပ္ဖြဲ႔၏ ပစ္ခတ္မႈေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြသူတစ္ဦး ဒါဏ္ရာရရွိ

Spread the love

ဖားကန္႔ေမွာ္ေဒသတြင္ လံုၿခံဳေရးရဲတပ္ဖြဲ႔၏ ပစ္ခတ္မႈေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြသူတစ္ဦး ဒါဏ္ရာရရွိ
EPN
ဖားကန္႔၊ ဧၿပီ ၇
ဖားကန္ၿမိဳ႕နယ္၊လံုးခင္းအုပ္စု၊ ေမွာ္စီစာေက်းရြာအပိုင္အတြင္းရွိ ဂ်ိတ္ပါဝါေက်ာက္စိမ္းတူးေဖာ္ေရးကုမၸဏီတြင္ ယေန႔ညေန(၃း၄၅)မိနစ္အခ်ိန္က လံုၿခံဳေရးရယူေပးထားေသာ ရဲတပ္ဖြဲ႔၏ပစ္ခတ္မႈေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြသူတစ္ဦး ဒါဏ္ရာရရွိေၾကာင္းသိရသည္။
ျဖစ္စဥ္မွာ ေရမေဆးေက်ာက္ရွာေဖြသူမ်ား ကုမၸဏီေခတၱအလုပ္နားခ်ိန္တြင္ ကုမၸဏီအတြင္းေက်ာက္ဝင္ေရာက္ရွာေဖြရာ၊ လံုျခံဳေရးရယူေပးထားေသာ ရဲတပ္ဖြဲ႔၏ ပစ္ခတ္မႈေၾကာင့္ ေရမေဆးေက်ာက္ရွာေဖြသူ ေမာင္ထြန္းၿငိမ္ (ဘ)ဦးထြန္းဝင္း၊ အသက္(၂၂)နွစ္၊ လက္ရွ္ိေနရပ္မွာသာယာကုန္းေက်းရြာတြင္ေနထိုင္သူမွာ လက္ေမာင္းတြင္ ထိခိုက္ဒါဏ္ရာရရွိေၾကာင္း သိရသည္။
ေရမေဆးမ်ားကုမၸဏီအတြင္း ေက်ာက္ဝင္ေရာက္ရွာေဖြရန္ အခ်ိန္လိုေနေသးသျဖင့္ တားျမစ္ရာ၊ေျမျပင္ကိုေျခာက္လွန္႔ပစ္ခတ္ရာမွ ခဲစထိမွန္ျခင္းသာျဖစ္ေၾကာင္း လံုျခံဳေရးရယူေပးထားေသာရဲတပ္ဖြဲ႔မွ တာဝန္ရွိသူတစ္ဦးမွ ေျပာၾကားသည္။
အဆိုပါဒါဏ္ရာရရွိသူ ေမာင္ထြန္းၿငိမ္းအား ဖားကန္႔ျပည္သူ႕ေဆးရံုသို႔ပို႔ေဆာင္၍ ဓါတ္မွန္ရိုက္ျခင္း၊ ေဆးဝါးကုသမႈမ်ားျပဳလုပ္ေပးေနေၾကာင္းသိရသည္။
ဖားကန္႔ေက်ာက္စိမ္းေမွာ္ေဒသတြင္ ယခုလိုကုမၸဏီမ်ားအလုပ္ေခတၲနားခ်ိန္တြင္ ေရမေဆးေက်ာက္ရွာေဖြသူမ်ား ကုမၸဏီအတြင္းသို႔ ေက်ာက္ဝင္ေရာက္ရွာေဖြရာမွ လံုၿခံဳေရးရယူေပးထားေသာရဲတပ္ဖြဲ႔ဝင္မ်ားနွင့္ ေရမေဆးေက်ာက္ရွာေဖြသူမ်ား အၾကားတြင္ မၾကာခဏျပသာနာတက္ရာမွ ထိခိုက္ဒါဏ္ရာရရွိမႈမ်ား မၾကာခဏျဖစ္ပြါးတက္ေၾကာင္း ယင္းေဒသခံမ်ားထံမွသိရသည္။
ေနာင္ရိုး
—————————————————
ဖားကန့်မှော်ဒေသတွင် လုံခြုံရေးရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ဒါဏ်ရာရရှိ

EPN
ဖားကန့်၊ ဧပြီ ၇

ဖားကန်မြို့နယ်၊လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာအပိုင်အတွင်းရှိ ဂျိတ်ပါဝါကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွင် ယနေ့ညနေ(၃း၄၅)မိနစ်အချိန်က လုံခြုံရေးရယူပေးထားသော ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ဒါဏ်ရာရရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရေမဆေးကျောက်ရှာဖွေသူများ ကုမ္ပဏီခေတ္တအလုပ်နားချိန်တွင် ကုမ္ပဏီအတွင်းကျောက်ဝင်ရောက်ရှာဖွေရာ၊ လုံခြုံရေးရယူပေးထားသော ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ မောင်ထွန်းငြိမ် (ဘ)ဦးထွန်းဝင်း၊ အသက်(၂၂)နှစ်၊ လက်ရှိနေရပ်မှာသာယာကုန်းကျေးရွာတွင်နေထိုင်သူမှာ လက်မောင်းတွင် ထိခိုက်ဒါဏ်ရာရရှိကြောင်း သိရသည်။

ရေမဆေးများကုမ္ပဏီအတွင်း ကျောက်ဝင်ရောက်ရှာဖွေရန် အချိန်လိုနေသေးသဖြင့် တားမြစ်ရာ၊မြေပြင်ကိုခြောက်လှန့်ပစ်ခတ်ရာမှ ခဲစထိမှန်ခြင်းသာဖြစ်ကြောင်း လုံခြုံရေးရယူပေးထားသောရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
အဆိုပါဒါဏ်ရာရရှိသူ မောင်ထွန်းငြိမ်းအား ဖားကန့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ဓါတ်မှန်ရိုက်ခြင်း၊ ဆေးဝါးကုသမှုများပြုလုပ်ပေးနေကြောင်းသိရသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ယခုလိုကုမ္ပဏီများအလုပ်ခေတ္တနားချိန်တွင် ရေမဆေးကျောက်ရှာဖွေသူများ ကုမ္ပဏီအတွင်းသို့ ကျောက်ဝင်ရောက်ရှာဖွေရာမှ လုံခြုံရေးရယူပေးထားသောရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက်ရှာဖွေသူများ အကြားတွင် မကြာခဏပြသာနာတက်ရာမှ ထိခိုက်ဒါဏ်ရာရရှိမှုများ မကြာခဏဖြစ်ပွါးတက်ကြောင်း ယင်းဒေသခံများထံမှသိရသည်။

နောင်ရိုး
 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။