Trending Now

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပြည်ကြီး ရန်လုံရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီးသေဆုံး

Spread the love

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပြည်ကြီး ရန်လုံရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီးသေဆုံး

EPN
မန္တလေး၊ ဧပြီ ၃

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလွင်သည် ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က သေနတ်ဖြင့် သုံးချက်အပစ်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလွင် ရုံးသို့ လာသည့်လမ်းတွင် အကြမ်းဖက်သမား များက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဦးဇော်မိုးလွင်သည် ဝဲဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၊ ညာဘက်ဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးခဲ့ကြောင်း သိရသည်။

“၁၅ လမ်း ၈၆ နဲ့ ၈၇ ကြားက မီးသတ်ရုံးဘေးနားမှာဖြစ်သွားတာ သူ့ကို ဆေးရုံပို့ပေးပေမယ့် လမ်းမှာပဲ ဆုံးသွားတာ” ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးကပြောဆိုသည်။

ယင်းနောက် အခင်းဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက် စစ်ဆေးကာ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

01


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။