Trending Now

နန်းယွန်းမြို့တွင် တစ်ပတ်အတွင်း ဆန်တစ်ပြည်လျင် ကျပ်တစ်သောင်းနီးပါးထိ ဈေးမြင့်တက်

Spread the love

နန်းယွန်းမြို့တွင် တစ်ပတ်အတွင်း ဆန်တစ်ပြည်လျင် ကျပ်တစ်သောင်းနီးပါးထိ ဈေးမြင့်တက်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၅ (၂၀၂၄)

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် တစ်ပတ်အတွင်း ဆန်တစ်ပြည်လျင် ကျပ်တစ်သောင်းနီးပါးထိ ဈေးမြင့်တက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ အစောပိုင်းတွင် ငွေတိုးဆန်တစ်အိတ်လျင် ၁၃၀၀၀၀ကျပ်၊ တစ်ပြည်လျင် ကျပ်ငွေ ၆၀၀၀ သာရှိခဲ့ပြီး၊ ယခုတွင် ငွေတိုးဆန် တစ်အိတ်လျင် ကျပ်ငွေ ၁၅၀၀၀၀၊ တစ်ပြည်လျင် ကျပ်ငွေ ၉၀၀၀ အထိ ဈေးမြင့်တက်လာ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ဈေးတက်လာတာက တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ဒီလအစောပိုင်းကတော့၊ ငွေတိုးတစ်အိတ်ဆိုရင် ၁၃၀၀၀၀ ကျပ်ပဲရှိတယ်။ အခုက ၁၅၀၀၀၀ ကျပ်အထိ ဖြစ်သွားပြီ။ တစ်ပြည်ဆိုရင်လည်း တစ်သောင်းနီးပါးထိ ရှိလာပြီ ” ဟု ၎င်းကဆို သည်။

နန်းယွန်းမြို့ဒေသသည် အလုပ်အကိုင်ရှားပါးသည့် မြို့ပြနေရာ တစ်ခုဖြစ်ပြီး၊ ပြည်သူများ တစ်နေ့တာလုပ်အားခမှာ ကျပ်ငွေ ၅၀၀၀ သာရရှိကာ မိသားစုတစ်စု၏ တစ်နေ့စားစရိတ်မှာ တစ်သောင်း ကျော်အထိ နေ့စဉ်ကုန်ကျလျက်ရှိသည့်အတွက် ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။