Trending Now

နည္းျပအင္အားျဖည့္တင္းရန္အတြက္ ရည္ရြယ္ ဖြင့္လွစ္ျခင္း ျဖစ္သည္ဟု ခ႐ိုင္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ ဥကၠ႒ ဆို

Spread the love

နည္းျပအင္အားျဖည့္တင္းရန္အတြက္ ရည္ရြယ္ ဖြင့္လွစ္ျခင္း ျဖစ္သည္ဟု ခ႐ိုင္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ ဥကၠ႒ ဆို

EPN
ျမစ္​ႀကီးနား၊ မတ္​ ၃၀

“ကခ်င္ျပည္နယ္တြင္ တစ္ႏွစ္ထက္ တစ္ႏွစ္ ေလ်ာ့နည္းလာသည့္ ၾကက္ေျခနီ နည္းျပအင္အားျဖည့္တင္းရန္ ရည္ရြယ္ဖြင့္လွစ္ျခင္းျဖစ္သည္” ဟု မတ္လ ၂၉ ရက္ေန႕က  ျမစ္ႀကီးနားၿမိဳ႕၊ ေအာင္နန္းရပ္ကြက္ရွိ အမွတ္(၂) အေျခခံ ပညာ အထက္တန္းေက်ာင္းတြင္ ဖြင့္လွစ္ခဲ့သည့္ ၾကက္ေျခနီ နည္းျပသင္တန္း ဖြင့္ပြဲ အခမ္းအနားတြင္ ျမစ္ႀကီးနားခ႐ိုင္ ၾကက္ေျခနီႀကီးၾကပ္မႈ ေကာ္မတီဥကၠ႒ ေဒၚခင္ေမသန္းကေျပာၾကားခဲ့သည္။

ကခ်င္ျပည္နယ္အတြင္း ၾကက္ေျခနီနည္းျပ အင္အားျဖည့္တင္းေပးရန္ႏွင့္ နည္းျပ ေကာင္းမ်ား ေပၚထြန္းလာေစရန္ ရည္ရြယ္၍ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္း၊ ျမစ္ႀကီးနားခ႐ိုင္ ၾကက္ေျခနီေကာ္မတီ မွ ႀကီးမွဴး၍ ၾကက္ေျခနီ နည္းျပသင္တန္းကို ဖြင့္လွစ္ခဲ့သည္။

ဆရာမတို႕ အေနနဲ႕ ဒီသင္တန္းကို အရမ္းဖြင့္ခ်င္ေနတာ၊ ကခ်င္ျပည္နယ္မွာက ၾကက္ေျခနီနည္းျပအင္အားက အရမ္းနည္းသြားၿပီ၊ ဘာလို႕လဲဆိုေတာ့ အေၾကာင္းအမ်ိုးမ်ိဳးေၾကာင့္ လူတိုင္း ဒီၾကက္ေျခနီ အလုပ္ကို ေဇာက္ခ်မလုပ္ႏိုင္ၾကဘူးေလ၊ ဒီလိုသင္တန္းဖြင့္ျခင္းအားျဖင့္ စိတ္၀င္စားတဲ့ လူငယ္ေတြအတြက္ ေရာ ကၽြန္မတို႕ ကခ်င္ျပည္နယ္ ၾကက္ေျခနီအတြက္ေရာ ပါ အက်ိဳးျဖစ္ထြန္းေစမွာပါ ဟု ခ႐ိုင္ၾကက္ေျခနီ ႀကီးၾကပ္မႈေကာ္မတီဥကၠ႒ ေဒၚခင္ေမသန္းက ဆက္ေျပာသည္။

ရက္သတၱပတ္ (၂)ပတ္ၾကာဖြင့္လွစ္သြားမည့္ အဆိုပါသင္တန္းတြင္  ျမစ္ႀကီးနား၊ ၀ိုင္းေမာ္၊ ခ်ီေဖြ၊ မိုးေကာင္း၊ ဖားကန္႕ စသည့္ ၿမိဳ႕နယ္မ်ားမွ သင္တန္းသား (၄၄)ဦး တက္ေရာက္လွ်က္ရွိၿပီး  ျမန္​မာႏိုင္​ငံၾကက္​​ေျခနီ၏ နည္​းဥပ​ေဒမ်ား ၊က်င္​့ဝတ္​မ်ားအျပင္၊ တာဝန္​ႏွင္​့ ဝတၱရားမ်ား ၊ရံုစာ​ေရးသားနည္​းမ်ားႏွင္​့ ​ေခါင္​း​ေဆာင္​မႈပညာရပ္​မ်ားကို သင္​ၾကားပို႔ခ်​ေပးသြားမည္​ျဖစ္​​ေၾကာင္းသိရသည္။

ျမန္​မာႏိုင္​ငံတြင္​ ၾကက္​​ေျခနီအသင္းမွာ ၁၉၂၀ခုႏွစ္​ကတည္​းကစတင္​တည္​ရိွခဲ့​ေသာ္​လည္​း အိႏိၵယႏိုင္ငံ၏ အသင္​းခြဲတစ္​ခုအျဖစ္​သာ ရပ္​တည္​ခဲ့ၿပီး ၁၆၃၇ခုႏွစ္​မွသာ သီးျခားရပ္​တည္​ႏိုင္​ခဲ့ျခင္းျဖစ္သည္။

လြမ္​း​ေအာင္
————————————

နည်းပြအင်အားဖြည့်တင်းရန်အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဆို

EPN
မြစ်ကြီးနား၊ မတ် ၃၀

“ကချင်ပြည်နယ်တွင် တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာသည့် ကြက်ခြေနီ နည်းပြအင်အားဖြည့်တင်းရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်” ဟု မတ်လ ၂၉ ရက်နေ့က  မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ကြက်ခြေနီ နည်းပြသင်တန်း ဖွင့်ပွဲ အခမ်းအနားတွင် မြစ်ကြီးနားခရိုင် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မေသန်းကပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း ကြက်ခြေနီနည်းပြ အင်အားဖြည့်တင်းပေးရန်နှင့် နည်းပြ ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြစ်ကြီးနားခရိုင် ကြက်ခြေနီကော်မတီ မှ ကြီးမှူး၍ ကြက်ခြေနီ နည်းပြသင်တန်းကို ဖွင့်လှစ်ခဲ့သည်။

ဆရာမတို့ အနေနဲ့ ဒီသင်တန်းကို အရမ်းဖွင့်ချင်နေတာ၊ ကချင်ပြည်နယ်မှာက ကြက်ခြေနီနည်းပြအင်အားက အရမ်းနည်းသွားပြီ၊ ဘာလို့လဲဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် လူတိုင်း ဒီကြက်ခြေနီ အလုပ်ကို ဇောက်ချမလုပ်နိုင်ကြဘူးလေ၊ ဒီလိုသင်တန်းဖွင့်ခြင်းအားဖြင့် စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ရော ကျွန်မတို့ ကချင်ပြည်နယ် ကြက်ခြေနီအတွက်ရော ပါ အကျိုးဖြစ်ထွန်းစေမှာပါ ဟု ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မေသန်းက ဆက်ပြောသည်။
ရက်သတ္တပတ် (၂)ပတ်ကြာဖွင့်လှစ်သွားမည့် အဆိုပါသင်တန်းတွင်  မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ မိုးကောင်း၊ ဖားကန့် စသည့် မြို့နယ်များမှ သင်တန်းသား (၄၄)ဦး တက်ရောက်လျှက်ရှိပြီး  မြန်မာနိုင်ငံကြက်ခြေနီ၏ နည်းဥပဒေများ ၊ကျင့်ဝတ်များအပြင်၊ တာဝန်နှင့် ဝတ္တရားများ ၊ရုံစာရေးသားနည်းများနှင့် ခေါင်းဆောင်မှုပညာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကြက်ခြေနီအသင်းမှာ ၁၉၂၀ခုနှစ်ကတည်းကစတင်တည်ရှိခဲ့သော်လည်း အိန္ဒိယနိုင်ငံ၏ အသင်းခွဲတစ်ခုအဖြစ်သာ ရပ်တည်ခဲ့ပြီး ၁၆၃၇ခုနှစ်မှသာ သီးခြားရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။