Trending Now

ဘိုကလေးမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ်ကျောင်းသူတစ်ဦး အဆိပ်သောက် သေဆုံးမှုဖြစ်ပွား

Spread the love

ဘိုကလေးမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ်ကျောင်းသူတစ်ဦး အဆိပ်သောက် သေဆုံးမှုဖြစ်ပွား

EPN
ဘိုကလေး၊ မတ်လ ၈

ရောဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် သကံဝကျေးရွာအုပ်စု တယ်ပင်သုံးကျေးရွာ အ-မ-ကကျောင်းတွင် တက်ရောက်သည့် အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦး မတ်လ ၇ ရက် ယနေ့ နံနက်ပိုင်းကအဆိပ်သောက် သေဆုံးမှုဖြစ်ကြောင်း ဘိုကလေးမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ အဆိပ်သောက်၍ သေဆုံးသူ မဆုသဉ္ဇာကျော်သည် အသက် ၁၂ နှစ်အရွယ် (ဘ)ဦးကျော်မင်းဌေး၏သမီး၊ (၄)တန်းကျောင်းသူ ဖြစ်ပြီး ဘိုကလေးမြို့နယ်ဖိုးရွှေလုံးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

အဆိပ်သောက် သေဆုံးသူမှ တယ်ပင်သုံးကျေးရွာ အ-မ-ကကျောင်းကို (၈)နာရီခွဲ အချိန် ကျောင်းလာတက်ရင်း အသင့်ပါသည့် ရေသန့်ဗူးအတွင်းမှ အဖြူရောင် အရည်များကို သောက်ပြီးလဲကျ၍ ပါးစပ်အတွင်းမှ အမြုပ်များ ထွက်ပြီးခဲ့ဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကို တယ်ပင်သုံးကျေးရွာ အ.မ.က ကျောင်းအုပ်ဆရာကြီးမှ ကျေးရွာအုပ်ချုပ်ရေးမူးထံအကြောင်းကြားခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမူးနှင့် လဘိုကလေးမြို့မရဲစခန်းမှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးရာတွင် Potassium Cyanide ပိုတက်ဟု ယူဆရသော အဆိပ်ခဲနှင့် ၎င်းသောက်ခဲ့သောရေသန့်ဘူးတို့ကိုစစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။

”ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေမှုသေခင်း ဖွင့်ထားတယ်။ကလေးက အသက် ၁၂ အရွယ်ပါ။ ၄ တန်းကျောင်းသူပါ။ မနက်က ကျောင်းလာတက်ရင်းကျောင်းမှာဖြစ်တာပါ။” ဟု အဆိုပါ ရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦး က ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘိုကလေးမြို့မရဲစခန်းက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိစေရန် ဘိုကလေးမြို့ကုတင် (၁၀၀)ဆေးရုံကို ပို့ဆောင်ကာ PR အမှတ်စဉ် (၁၇/၂၀၂၂)ဖြင့် စစ်ဆေးနေကြောင်းဘိုကလေးမြို့မရဲစခန်းမှ သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။