Trending Now

ကခ်င္ျပည္နယ္အတြင္းရိွ စစ္ေရွာင္ျပည္သူ ၆၅ရာခိုင္နႈန္းခန္႔တြင္ တစ္လဝင္ေငြ နွစ္ေသာင္းက်ပ္ထက္ ေလ်ာ့နည္း

Spread the love

ကခ်င္ျပည္နယ္အတြင္းရိွ စစ္ေရွာင္ျပည္သူ ၆၅ရာခိုင္နႈန္းခန္႔တြင္ တစ္လဝင္ေငြ နွစ္ေသာင္းက်ပ္ထက္ ေလ်ာ့နည္း
EPN
ျမစ္ႀကီးနား၊ စက္တင္ဘာ ၁၉
ကခ်င္ျပည္နယ္အတြင္းရိွ စစ္ေရွာင္ျပည္သူလူဦးေရ၏ ၆၅ရာခိုင္နႈန္းခန္႔တြင္ ၎တို႔၏တစ္လဝင္ေငြမွာ  ျမန္မာေငြက်ပ္ (၂၀၀၀၀)ထက္ ေလ်ာ႔နည္းေနေၾကာင္း ကခ်င္စစ္ေရွာင္ျပည္သူမ်ား၏ သေဘာထား ဆႏၵမ်ားကို စစ္တမ္းေကာက္ယူခဲ့သည့္ အဖြဲ႔အစည္းမ်ား၏စစ္တမ္းေကာက္ယူခ်က္အရသိရသည္။
ကခ်င္စစ္ေရွာင္ျပည္သူမ်ား၏ သေဘာထားဆႏၵမ်ားကို Unity Nation High Commissioner Refugess (UNHCR)၊Kachin Baptist  Convention(KBC)၊ Karuna Mission Social Soldarity (KMSS)၊ Shalom (ၿငိမ္း) စသည့္ ဘာသာေရးနွင့္ ျပည္ပလူမႈအဖြဲ႔အစည္းေလးခုမွ ၂၀၁၉ခုနွစ္ နွစ္ဆန္းပိုင္းက စတင္ စစ္တမ္းေကာက္ယူခဲ့ေၾကာင္း UNHCRအဖြဲ႔အစည္းမွ သိရသည္။
ဤသို႔စစ္တမ္းေကာက္ယူရာတြင္ ကခ်င္ျပည္နယ္အတြင္းရိွ စစ္ေရွာင္ျပည္သူ (၇၀၀၀)ဦးေက်ာ္အနက္မွ လူဦးေရ(၁၁၂၃)၏ဘေဘာထားဆႏၵမ်ားကို ေကာက္ယူခဲဲ့ျခင္းျဖစ္ၿပီး ၎တို႔၏ စီးပြားေရးအတြက္ တစ္ လဝင္ေငြရရိွမႈနွုန္းကို စစ္တမ္းေကာက္ယူခဲ့ရာ စစ္ေရွာင္ျပည္သူလူဦးေရ၏ (၆၅)ရာခိုင္နႈန္းသည္တစ္လ ဝင္ေငြျမန္မာေငြက်ပ္(၂၀၀၀၀)ထက္ေလ်ာ႔နည္းေနေၾကာင္း ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး ရံုး (UNHCR)မွ တာဝန္ရိ္ွတစ္ဦးျဖစ္သူ Mr.Cliff Winston Alvaricdက ယခုကဲ့သို႔ ေျပာဆိုခဲ့သည္။
“သူတို႔ရဲ႕ တစ္လဝင္ေငြ ဘယ္ေလာက္ရိွတယ္္ဆိုတာက သူတို႔ရဲ႕ဒီစစ္ေရွာင္ ဘဝမေရာက္ခင္နဲ႔ ဒီစစ္ေရွာင္ဘဝေရာက္ၿပီး သူတို႔ရဲ႕ဝင္ေငြဘယ္ေလာက္ထိ ကြာျခားခ်က္ရိွလဲဆိုတာ နိႈင္းယွဥ္ထားျခင္း ျဖစ္ပါတယ္” ဟု ၎ကေျပာသည္။
ျပည္နယ္အစိုးရႏွင့္ အစိုးရမဟုတ္သည့္ ျပည္ပမိတ္ဖက္အဖြဲ႔အစည္းမ်ားပူးေပါင္းကာ စက္ခ်ဳပ္သင္တန္း၊ မုန္႔လုပ္သင္တန္း၊ ပန္းရံသင္တန္း စသည္းလက္မႈအတတ္ပညာမ်ားကို လာေရာက္သင္ၾကားေပးမႈမ်ား ရိွေနေသာ္လည္း အလုပ္အကိုင္ရရိွသူမ်ားမွာ လြန္စြာနည္းပါးေၾကာင္း ဇီးလြန္စစ္ေရွာင္စခန္းမွ ဦးလမိုင္က ဆိုသည္။
“ဒီမွာကပန္းရံေန႔စားလိုက္တယ္၊ ေပါင္းရွင္းသြားတယ္တာလည္း ေခၚတဲ့သူရိွမွဘဲသြားရတယ္။ အလုပ္မရိွတဲ့သူက အမ်ားဆံုးပါ။ အလုပ္ရတဲ့သူကနည္းတယ္။ ရတာလည္းတစ္ခါတေလဘဲရတယ္။ စက္ခ်ဳပ္တာေတြၿပီး ေတာ့လက္သမား၊ မုန္႔လုပ္တဲ့ပညာ သင္ေပးတာေတြေတာ့ရိွတယ္။ ဒါေပမယ့္သူသင္ေပးတယ္ ကုန္ေခ်ာေလာက္အထိေတာ့ မသင္ေပးဘူးတာေၾကာင့္ တကယ္လုပ္ဖို႔က အခက္အခဲရိွ တယ္။”ဟု ဦးလမိုင္က ေျပာသည္။
လက္ရိွကခ်င္ျပည္နယ္အတြင္းရိွ စစ္ေရွာင္စခန္းေပါင္း (၁၀၀)ေက်ာ္တြင္ ခိုလံႈေနထိုင္ေနရေသာ စစ္ ေရွာင္ျပည္သူမ်ားအနက္ (၈၅)ရာခိုင္နႈန္းခန္႔သည္ ယခင္စစ္ေရွာင္ဘဝ မေရာက္မွီက အသက္ေမြးရန္ ေျမယာမ်ားနွင့္စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို အဓိကဝင္ေငြလုပ္ငန္းအျဖစ္ပိုင္ဆိုင္ခဲ့ၾကၿပီး လက္ရိွတြင္ ယင္း စစ္ေရွာင္ျပည္သူမ်ားအနက္ (၁၁)ရာခို္င္ႏႈန္းခန္႔သာ စိုက္ပ်ိဳးေရးလုပ္ငန္းျဖင့္ဝင္ေငြရွာေဖြန္ိင္ေတာ့ေၾကာင္း ယင္းအဖြဲ႔အစည္းမ်ား၏ စစ္တမ္းေကာက္ယူခ်က္မ်ားအရ သိရသည္။
လြမ္းေအာင္
 ————————————————————————
ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၆၅ရာခိုင်နှုန်းခန့်တွင် တစ်လဝင်ငွေ နှစ်သောင်းကျပ်ထက် လျော့နည်း

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၉

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူလူဦးရေ၏ ၆၅ရာခိုင်နှုန်းခန့်တွင် ၎င်းတို့၏တစ်လဝင်ငွေမှာ  မြန်မာငွေကျပ် (၂၀၀၀၀)ထက် လျော့နည်းနေကြောင်း ကချင်စစ်ရှောင်ပြည်သူများ၏ သဘောထား ဆန္ဒများကို စစ်တမ်းကောက်ယူခဲ့သည့် အဖွဲ့အစည်းများ၏စစ်တမ်းကောက်ယူချက်အရသိရသည်။

ကချင်စစ်ရှောင်ပြည်သူများ၏ သဘောထားဆန္ဒများကို Unity Nation High Commissioner Refugess (UNHCR)၊Kachin Baptist  Convention(KBC)၊ Karuna Mission Social Soldarity (KMSS)၊ Shalom (ငြိမ်း) စသည့် ဘာသာရေးနှင့် ပြည်ပလူမှုအဖွဲ့အစည်းလေးခုမှ ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းက စတင် စစ်တမ်းကောက်ယူခဲ့ကြောင်း UNHCRအဖွဲ့အစည်းမှ သိရသည်။

ဤသို့စစ်တမ်းကောက်ယူရာတွင် ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ (၇၀၀၀)ဦးကျော်အနက်မှ လူဦးရေ(၁၁၂၃)၏ဘဘောထားဆန္ဒများကို ကောက်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ စီးပွားရေးအတွက် တစ် လဝင်ငွေရရှိမှုနှုန်းကို စစ်တမ်းကောက်ယူခဲ့ရာ စစ်ရှောင်ပြည်သူလူဦးရေ၏ (၆၅)ရာခိုင်နှုန်းသည်တစ်လ ဝင်ငွေမြန်မာငွေကျပ်(၂၀၀၀၀)ထက်လျော့နည်းနေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR)မှ တာဝန်ရိှတစ်ဦးဖြစ်သူ Mr.Cliff Winston Alvaricdက ယခုကဲ့သို့ ပြောဆိုခဲ့သည်။

“သူတို့ရဲ့ တစ်လဝင်ငွေ ဘယ်လောက်ရှိတယ်ဆိုတာက သူတို့ရဲ့ဒီစစ်ရှောင် ဘဝမရောက်ခင်နဲ့ ဒီစစ်ရှောင်ဘဝရောက်ပြီး သူတို့ရဲ့ဝင်ငွေဘယ်လောက်ထိ ကွာခြားချက်ရှိလဲဆိုတာ နှိုင်းယှဉ်ထားခြင်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ပြည်နယ်အစိုးရနှင့် အစိုးရမဟုတ်သည့် ပြည်ပမိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ စက်ချုပ်သင်တန်း၊ မုန့်လုပ်သင်တန်း၊ ပန်းရံသင်တန်း စသည်းလက်မှုအတတ်ပညာများကို လာရောက်သင်ကြားပေးမှုများ ရှိနေသော်လည်း အလုပ်အကိုင်ရရှိသူများမှာ လွန်စွာနည်းပါးကြောင်း ဇီးလွန်စစ်ရှောင်စခန်းမှ ဦးလမိုင်က ဆိုသည်။
“ဒီမှာကပန်းရံနေ့စားလိုက်တယ်၊ ပေါင်းရှင်းသွားတယ်တာလည်း ခေါ်တဲ့သူရှိမှဘဲသွားရတယ်။ အလုပ်မရှိတဲ့သူက အများဆုံးပါ။ အလုပ်ရတဲ့သူကနည်းတယ်။ ရတာလည်းတစ်ခါတလေဘဲရတယ်။ စက်ချုပ်တာတွေပြီး တော့လက်သမား၊ မုန့်လုပ်တဲ့ပညာ သင်ပေးတာတွေတော့ရှိတယ်။ ဒါပေမယ့်သူသင်ပေးတယ် ကုန်ချောလောက်အထိတော့ မသင်ပေးဘူးတာကြောင့် တကယ်လုပ်ဖို့က အခက်အခဲရှိ တယ်။”ဟု ဦးလမိုင်က ပြောသည်။

လက်ရှိကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းပေါင်း (၁၀၀)ကျော်တွင် ခိုလှုံနေထိုင်နေရသော စစ် ရှောင်ပြည်သူများအနက် (၈၅)ရာခိုင်နှုန်းခန့်သည် ယခင်စစ်ရှောင်ဘဝ မရောက်မှီက အသက်မွေးရန် မြေယာများနှင့်စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကဝင်ငွေလုပ်ငန်းအဖြစ်ပိုင်ဆိုင်ခဲ့ကြပြီး လက်ရှိတွင် ယင်း စစ်ရှောင်ပြည်သူများအနက် (၁၁)ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးရေးလုပ်ငန်းဖြင့်ဝင်ငွေရှာဖွေနိင်တော့ကြောင်း ယင်းအဖွဲ့အစည်းများ၏ စစ်တမ်းကောက်ယူချက်များအရ သိရသည်။

လွမ်းအောင်

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။