Trending Now

လီဆူပြည်သူစစ်အဖွဲ့နှင့် KIA လက်နက်ကိုင်အဖွဲ့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

Spread the love

လီဆူပြည်သူစစ်အဖွဲ့နှင့် KIA လက်နက်ကိုင်အဖွဲ့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

EPN
ဝိုင်းမော်၊ ဇန်နဝါရီ ၂၉

ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာ အနီးရှိ လီဆူပြည်သူ့စစ်အဖွဲ့နှင့် KIA လက်နက်ကိုင်အဖွဲ့ကြား ဇန်နဝါရီ ၂၇ ရက်နေ့၊ ည ၁၁ နာရီခွဲ အချိန်ခန့်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ရွာ၏ အနောက်ဘက်တွင်ရှိသည့် နန့်မြစ်ချာင်း တစ်ဘက်ကမ်းတွင် အထိုင်တပ်စခန်းချ နေထိုင်သည့် KIA လက်နက်ကိုင်အဖွဲ့နှင့် လီဆူပြည်သူ့စစ်အဖွဲ့ကြား တိုက်ပွဲငယ် တစ်ခု ဖြစ်ပွားခြင်းသာဖြစ်ကြောင်း အောင်မြေ (၁) ကျေးရွာနေ ‌ဒေသခံတစ်ဦးက ပြောသည်။

” ပြည်သူ့ စစ်အဖွဲ့က နန့်မြစ်ချောင်းဘက်ကို နယ်မြေရှင်းလင်းရေး သွားလုပ်ရင်း KIAအဖွဲ့နဲ့ နာရီဝက်နီးပါး အပြန်အလှစ် ပစ်ခတ်သံတွေကြားတယ် ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ တိုက်ပွဲငယ်ဖြစ်ပွားခြင်းကြောင့် လီဆူပြည်သူ့စစ်ဘက်မှ ထိခိုက်ဒဏ်ရာ မရှိဘဲ ၁၂ နာရီ ၂၀ အချိန်ခန့်တွင် အောင်မြေ (၁) ကျေးရွာရှိ ပြည်သူ့စစ် စခန်းသို့ ပြန်လည်ရောက်ခဲ့ပြီး၊ ခမရ (၃၂၁) တပ်ရင်းမှ ပစ်ခတ်မှုဖြစ်ပွားရာသို့ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း သိရသည်။

လီဆူပြည်သူ့စစ်အဖွဲ့နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ရွှေညောင်ပင်၊ ဘော်ဆာဒီ၊ တာလောကြီး စသည့် ဒေသဘက်မှ တိုက်ပွဲရှောင်ပြည်သူ တစ်ထောင်ခန့်သည် ဘေးလွတ်ရာ ကျေးရွာများနှင့် ဝိုင်းမော်မြို့ပေါ်တို့တွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။