Trending Now

အိန္ဒိယနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရလို့ ၉၀၇ ဦး သေဆုံးခဲ့

Spread the love

အိန္ဒိယနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရလို့ ၉၀၇ ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၈

၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ မိုးကြိုးပစ်ခံရလို့ လူပေါင်း ၉၀၇ ဦး သေဆုံးခဲ့ တယ်လို့ အိန္ဒိယသတင်းဌာန တစ်ခုက ဒီဇင်ဘာ ၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။

အန္ဒိယနိုင်ငံမှာ အခုနှစ်အတွင်း အပူလှိုင်းပေါင်း ၂၇ ကြိမ် နဲ့ မိုးကြိုးမုန်တိုင်း ၂၄၀ အထိ ပစ်ခတ်ခဲ့ပြီး လူ ၉၀၇ ဦး သေဆုံးခဲ့ရတယ်လို့ မိုးလေဝသ ဝန်ကြီးဌာနက ဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွင်း အပူလိုင်း၊ မိုးကြိုးပစ်ခြင်းနဲ့ ပြင်းထန်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေဟာ အိန္ဒိယနိုင်ငံမှာ စံချိန်တင်မြင့်တက်ခဲ့ပြီး ဆက်စပ်သေဆုံးမှုတွေဟာလည်း သုံးနှစ်အတွင်းမှာ အမြင့်ဆုံးအထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုးကြိုးပစ်ခြင်း၊ ရေကြီးခြင်းနဲ့ မိုးသည်းထန်စွာရွာသွန်းခြင်းစတဲ့ ပြင်ထန်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် နိုင်ငံတစ်ဝှမ်းမှာ လူပေါင်း ၂,၁၈၃ ဦးသေဆုံးခဲ့ပြီး ဒါဟာ လူပေါင်း ၃၀၁၇ ဦးသေဆုံးခဲ့တဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မုတ်သုံရာသီ အပူချိန်ဟာ အခုရာစုနှစ်အတွင်း စံချိန်တင်မြင့်တက်လာပြီး အနာဂတ်မှာလည်း မကြာခဏဆိုသလို ပြင်းထန်တဲ့ အပူလှိုင်းဒဏ်ကို ကြုံတွေ့ရနိုင်တယ်လို့ အစိုးရက သြဂုတ်လဆန်းပိုင်းမှာ သတိပေးထားပါတယ်။

— ကိုးကား —
indianexpress
Ref; Lightning kills 907 in India as extreme weather surges in 2022

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။