Trending Now

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာ အထက်တန်းကျောင်းတွင်အမည်မသိအဖွဲ့မှထောင်ထားသည့်မိုင်းနစ်လုံးအား လုံခြုံရေးအဖွဲ့နှင့်ရှမ်းနီတပ်မတော်(SNA)တို့ကဖယ်ရှားရှင်းလင်း

Spread the love

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာ အထက်တန်းကျောင်းတွင်အမည်မသိအဖွဲ့မှထောင်ထားသည့်မိုင်းနစ်လုံးအား လုံခြုံရေးအဖွဲ့နှင့်ရှမ်းနီတပ်မတော်(SNA)တို့ကဖယ်ရှားရှင်းလင်း

EPN
ဟုမ္မလင်း ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာ အထက်တန်းကျောင်းတွင်အမည်မသိအဖွဲမှလာရောက်ထောင်ထားသောမိုင်းနှစ်လုံးအားဇွန်လ၈ရက်နေ့ နေ့လည်၂နာရီအချိန်ခန့်ကလုံခြုံရေးအဖွဲ့နှင့်ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ပူးပေါင်းအဖွဲ့မှဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်းဒေသခံများထံမှသိရသည်။

အထက်တန်းကျောင်းဝင်းအဝင်ဝနှင့်ကျောင်းလှေခါးအောက်နား၌ ထောင်ထားသည့်မပေါက်ကွဲသေးသောမိုင်းနှစ်လုံးတွေ့ကြောင်းဒေသခံတွေမှလုံခြုံးရေးအဖွဲ့နှင့်ရှမ်းနီတပ်မတော်(SNA)တို့အားလာရောက်အကြောင်းကြားသဖြင့်
လုံခြုံရေးဆောင်ရွက်နေသည့်မိုင်းရှင်းလင်းရေးအဖွဲ့ကအဆိုပါမိုင်းနှစ်လုံးအားလာရောက်ရှင်းလင်းသွားကြောင်းသိရသည်။

“မိုင်းကနှစ်လုံးပါ၊အကြီးတစ်လုံးကကျောင်းဝင်းအဝင်ပေါက်နားမှာထောင်ထားတာ၊တော်တော်ကြီးတယ်၊မြေကြီးတောင်တုန်ခါသွားနိုင်တယ်တဲ့၊ပေါက်ကွဲရင်တော့၊ကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေကတော့၊မတွေးဝံ့စရာကြီး၊သေကုန်မှာအသေးတစ်လုံးကကျောင်းလှေကားမှာထောင်ထားတယ်၊ မနေ့ကတာဝန်ရှိသူတွေသွားပြီး၊အဲ့ဒီမိုင်းတွေကိုရှင်းလင်းပြီးတော့၊ကျောင်းခန်းတွေကိုလဲရှင်းလင်းရေးတွေလုပ်ပေးသွားကြတယ်”ဟုနောင်ပိုအောင်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

နောင်ပိုအောင်အထကကျောင်းမှမိုင်းနှစ်လုံးအားရှင်းလင်းခြင်းနှင့်ကျောင်းဝင်းကျောင်းပြင်ကျောင်းစာသင်ခန်းများကိုသန့်ရှင်းရေးများလုပ်ဆောင်ပေးပြီးနောက် နောင်ပတ်ခါးစာသင်ကျောင်းတွေကို သန့်ရှင်းရေးများပြုလုပ်ရန်အတွက်ကျောင်းတက်သည့်ကျောင်းသားမိဘတွေအပေါ်မှာ နှောက်ယှက်မှုတွေမပြုလုပ်ဖို့တာဝန်ရှိသူများကလိုက်လံအသိပေးဆော်သြခဲ့ကြကြောင်းသိရသည်။

“ကျွန်တော်တို့မနေ့က လိုက်ပြီးဆော်ဩတာက ပညာသင်ကြားနေတဲ့ကျောင်းသားမိဘများအပေါ်မှာ မည်သူတစ်ဦးတစ်ယောက်မှ နှောက်ယှက်ခြင်းမပြုရဆိုတာရယ်၊နောက်ပြီးတော့ အထကနောင်ပိုအောင်ကျောင်းဝင်းအတွင်း ကျောင်းသန့်ရှင်းရေးပြုလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေယူဆောင်ပြီး မပျက်မကွက်လာရောက်ပေးကြဖို့တိုက်တွန်းနှိုးဆော်တာပါ” ဟုလိုက်လံဆော်ဩသူ ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါတွင်နောင်ပိုအောင်ရွာထဲရှိနောင်ပတ်ခါးစာသင်ကျောင်း၌ကျောင်းအပ်နှံထားသူကျောင်းသူကျောင်းသားများစာ သင်ကြားနေကြပြီး နောင်ပိုအောင် အထကကျောင်းမှကျောင်းသူကျောင်းသားများမှာစာသင်ကြားနိုင်ခြင်းမရှိသေးဘဲကျောင်းသန့်ရှင်းရေးများသာပြုလုပ်နေဆဲဖြစ်ကြောင်းသိရသည်။

နောင်ပိုအောင်စံပြကျေးရွာအထက်တန်းကျောင်း၌ နှစ်စဉ်ကျောင်းသားကျောင်းသူဦးရေ ၁၇၀၀ ကျော်ပညာသင်ကြားလျှက်ရှိပြီးကိုဗစ်-၁၉ကပ်ရောဂါနှင့်နိုင်ငံရေးအခြေအနေများကြောင့် (၂) နှစ်ပိတ်ထားခဲ့ရကြောင်းသိရသည်။

နာဂစ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။