Trending Now

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးဩဝါဒကထာ

Spread the love


 
 
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)
၏ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးဩဝါဒကထာ
========================================

ဘုန်းဘုန်း နှစ်သစ်အနေနဲ့ တိုင်းသူပြည်သား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာအောင် မေတ္တာပွားနည်း (၁၁)နည်းပြောပါမယ်။ မေတ္တာပွားနည်း (၁၁)နည်း ကို မေတ္တသုတ်၌ မြတ်စွာဘုရားက ဟောကြား ထားပါတယ်။


၁။ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
သတ္တဝါတွေအားလုံး ကျန်းမာပါစေ၊ ချမ်းသာပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ။
ကြောက်တတ်တဲ့သတ္တဝါ၊ မကြောက်တတ်တဲ့သတ္တဝါ ဆိုပြီးအဲဒီလိုသတ္တဝါတွေ နှစ်ပုံ ပုံပြီးတော့ ပွားပါတယ်။ ကြောက်တတ်တဲ့သတ္တဝါဆိုတာ ပုထုဇဉ်တွေ၊ သောတာ ပန်၊ သကဒါဂါမ်တွေ။ မကြောက်တတ်တာက ရဟန္တာ ပုဂ္ဂိုလ်ကြီးတွေ မကြောက်တတ်ပါဘူး။ အနာဂါမ် ပုဂ္ဂိုလ် ကြီးတွေလည်း မကြောက်တတ်ပါဘူးနော်။
၃။ ရှည်တိုအလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာ
ကိုယ်စိတ်မြဲပါစေ။
ရှည်တယ်ဆိုတာ မြွေကြီးတွေ၊ နဂါးကြီးတွေ အဲဒီ လိုရှည်တဲ့ သတ္တဝါတွေ။ တိုတယ် ဆိုတာ လိပ်ကလေးတွေ၊ ကြွက်ကလေးတွေ အဲဒီလိုတိုတဲ့ သတ္တဝါတွေ။ လူတွေ၊ ကျွဲတွေ၊ နွားတွေက အလတ်စားတွေ။ အဲဒီလို(၃)မျိုးခွဲပြီး တော့ သတ္တဝါတွေ မေတ္တာပွားပါ။
၄။ ကြီးငယ်အလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာ
ကိုယ်စိတ်မြဲပါစေ။
ကြီးဆိုတာ ဆင်ကြီးတွေ၊ ဝေလငါးကြီးတွေ အဲဒီလို ခန္ဓာကိုယ်ကြီးတဲ့ သတ္တဝါတွေက တစ်ပုံ၊ ငယ်တဲ့သတ္တဝါ တွေ ခြင်ကလေးတွေ၊ ပုရွက်ဆိတ်ကလေးတွေ၊ ယင်လေး တွေ အဲဒီလိုငယ်တဲ့သတ္တဝါတွေက တစ်ပုံ၊ အလတ်စား သတ္တဝါတွေက တစ်ပုံ သုံးပုံပုံပြီး မေတ္တာပွားပါ။
၅။ ဆူကြုံအလတ် သုံးရပ်ခန္ဓာသတ္တဝါ ချမ်းသာကိုယ်စိတ်
မြဲပါစေ။
ဆူတယ်ဆိုတာက ဝတာပေါ့။ ဝတဲ့သတ္တဝါ၊ ပိန်တဲ့ သတ္တဝါ၊ အလတ်စားသတ္တဝါ သတ္တဝါတွေကို သုံးပုံပုံပြီး တော့ လူဆိုရင်လည်း လူဝကြီးတွေတစ်ပုံ၊ လူပိန်လေးတွေ တစ်ပုံ၊ အလတ်စားတစ်ပုံ၊ ဒီပြင်သတ္တဝါတွေဆိုရင်လည်း အဲဒီလိုပဲ အဝစား၊ အပိန်စား၊ အလတ်စား သုံးပုံ ပုံပြီးတော့ မေတ္တာပွားတာ။
၆။ မြင်အပ် မမြင်အပ်သတ္တဝါတွေ ချမ်းသာကိုယ်စိတ်
မြဲပါစေ။
သတ္တဝါတွေ ဒိဋ္ဌ၊ အဒိဋ္ဌ၊ ဒိဋ္ဌာဝါယေဝါအဒိဋ္ဌာ ယေဝဒူ
ရဝေသန်တိအဝိဒူရေ။
ဒိဋ္ဌဆိုတာ မျက်စိနဲ့ မြင်ကောင်းတဲ့ သတ္တဝါ၊ လူတွေ၊ ကျွဲတွေ၊ နွားတွေ၊ သတ္တဝါတွေ။ အဒိဋ္ဌဆိုတာ မျက်စိနဲ့ မမြင်ကောင်းတဲ့ တစ္ဆေတွေ၊ သရဲတွေ၊ နတ်တွေ၊ ဗြဟ္မာ တွေ။ မြင်အပ်တဲ့သတ္တဝါနဲ့ မမြင်အပ်တဲ့သတ္တဝါဆိုပြီး နှစ်ပုံ ပုံပြီးတော့ မေတ္တာပွားပါ။
၇။ ဝေးနေနီးနေ နှစ်ထွေများစွာသတ္တဝါ ချမ်းသာ
ကိုယ်စိတ်မြဲပါစေ။
အဝေးမှာနေတဲ့ သတ္တဝါတွေ၊ ကိုယ့်အနီးအနားနေတဲ့ သတ္တဝါတွေ နှစ်ပုံ ပုံပြီးတော့ သတ္တဝါတွေကို ကျန်းမာပါစေ၊ ချမ်းသာပါစေလို့ မေတ္တာပွား။
၈။ ဘဝဇာတ်ဆုံး မဆုံးများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်
မြဲပါစေ။
ဘဝဇာတ်ဆုံးဆိုတာက ရဟန္တာပုဂ္ဂိုလ်တွေ ဘဝဆုံး ပြီ၊ သူတို့ သေရင် နိဗ္ဗာန်ပဲ သွားရမှာ ကျန်တဲ့ပုထုဇဉ်တွေ၊ သောတာပန်တွေ၊ သကဒါဂါမ်တွေ၊ အနာဂါမ်တွေကတော့ မဆုံးသေးတဲ့သတ္တဝါတွေ။ အဲဒီတော့ ဘဝဇာတ်ဆုံးတဲ့ ရဟန္တာတွေက တစ်ပုံ၊ ကျန်တဲ့ သတ္တဝါတွေက တစ်ပုံ ပုံပြီးတော့ မေတ္တာပွား။
၉။ လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။
လူတစ်ယောက်နဲ့ တစ်ယောက် လိမ်တယ်ညာတယ်နဲ့ ဒုက္ခရောက်ကြတယ်။ လိမ်ညာတော့ ထောင်ကျ၊ သေ၊ ဒါကြောင့် လှည့်ပတ်ခြင်း၊ လိမ်ခြင်း၊ ညာခြင်း မရှိကြပါစေနဲ့ လို့ဆိုပြီးတော့ မေတ္တာပွားတာ။
၁၀။ အထင်သေးခြင်း အချင်းချင်းကင်းရှင်းကြပါစေ
လူတစ်ယောက်နဲ့ တစ်ယောက် တချို့က အထင်သေး တယ်။ ဒီကောင် ဘာမှ မသိဘူး၊ “က”ပုဒ်လောက် ရေးပြ တာတောင် မသိတဲ့ကောင်၊ အလကား လူ့အညံ့စားတွေ၊ ပိုက်ဆံကလည်း ဘာမှမရှိဘူး စသည်ဖြင့် အထင်သေးကြ တယ်။ အထင်သေးရင် အမှားဆုံးတဲ့။ အထင်မသေး ရဘူး။
၁၁။ ဆင်းရဲလိုခြင်း အချင်းချင်းကင်းရှင်းကြပါစေ
လူတစ်ယောက်နဲ့ တစ်ယောက် ဆင်းရဲလိုတယ်၊ တစ်ယောက်က ဆင်းရဲတာကို အခြားတစ်ယောက်က အလိုရှိရင် သတ္တဝါတွေ ဒုက္ခရောက်တတ်တယ်။ ဒါ့ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဆင်းရဲတာကို အလိုမရှိကြပါ စေနဲ့။
မေတ္တာပွားနည်း (၁၁)နည်း ပွားစည်းကြပါစေ။ သတ္တဝါတွေအားလုံး အဲဒီလိုမေတ္တာ ပွားနည်း (၁၁)နည်းနဲ့ ပွားရင် သတ္တဝါတွေကုန်ပါတယ်။ သတ္တဝါတွေ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာထားပြီဆိုရင် လူတွေ၊ နတ်တွေ ဗြဟ္မာတွေရှိတဲ့ သတ္တဝါတွေ တစ်ယောက်နဲ့ တစ်ယောက် ညီအစ်ကိုလို၊ မောင်နှမလို၊ သားသမီးလို ချစ်ခင်ကြတယ်။ လေးစားကြတယ်ဆိုရင် တိုင်းပြည်ကြီး လည်း အေးချမ်းသာယာ၊ ကမ္ဘာသူ/ကမ္ဘာသားတွေလည်း အေးချမ်းသာယာသွားမယ်။
အဲဒါကြောင့် နှစ်သစ်မင်္ဂလာမှာ နှစ်ကူးမင်္ဂလာအနေနဲ့ မေတ္တာပွားနည်း (၁၁)နည်းကို ကြိုးစားပြီးပွားများနိုင်ကြပါစေ။ မေတ္တာပွားနည်း (၁၁) နည်းပွားများတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ကိုယ့်သား လေး၊ ကိုယ့်သမီးလေးလို ကိုယ့်သူငယ်ချင်းမိတ်ဆွေအရင်း တွေလို ချစ်ခင်ပြီးတော့ တိုင်းပြည်အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်က လည်း ချစ်ချစ်ခင်ခင်အုပ်ချုပ်ကြပါ။ တိုင်းသူ/ပြည်သား တွေကလည်း ကိုယ့်အစိုးရဆိုပြီး ချစ်ချစ်ခင်ခင်ရှိကြပါ။ အဲဒီလို ချစ်ချစ် ခင်ခင်ရှိကြတဲ့အခါ တိုင်းသူ/ပြည်သား တွေ၊ ကမ္ဘာသူ/ကမ္ဘာသားတွေ ကျန်းမာချမ်းသာ ကြင်ကြင် နာနာရှိပြီးတော့ ဘုန်းကျက်သရေနဲ့ ပြည့်စုံကြပါစေ၊ အားလုံး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတွေ အားထုတ်နိုင်ကြပါစေကုန် သတည်း။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။