Trending Now

ကချင်ပြည်နယ် ဒေသတစ်ခုလုံးတွင် ရာသီဥတု ပြင်းထန်နိုင်

Spread the love

ကချင်ပြည်နယ် ဒေသတစ်ခုလုံးတွင် ရာသီဥတု ပြင်းထန်နိုင်

EPN
မြစ်ကြီးနား၊ မဝ် ၂၂ (၂၀၂၄)

ကချင်ပြည်နယ် ဒေသတစ်ခုလုံးတွင် မိုးများရွာသွန်းနိုင်ပြီး ရာသီဥတု ဆိုးရွားပြင်းထန်နိုင်ကြောင်း မိုးလေဝသပညာရှင် စုစုစံမှ ထုတ်ပြန်ကြေညာထားသည်။

ကချင်ပြည်နယ် ဒေသတစ်ခုလုံးတွင် မတ်လ ၂၂ ရက်နေ့မှ ၂၄ရက်‌အတွင်း မိုးများရွာသွန်းမည်ကို ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ကတည်းက စတင်ထုတ်ပြန်ထားခဲ့ရာ ကချင်ပြည်နယ် ဒေသများတွင် မိုးများရွာသွန်းခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ် ဒေသတစ်ခုလုံး မိုးရွာသွန်းနိုင်ပြီး ရာသီဥတု ဆိုးရွားပြင်းထန်နိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

၎င်းအပြင် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင်လည်း မိုးရွာသွန်းနိုင်ပြီး ရာသီဥတု ပြင်းထန်နိုင်ကြောင်းလည်း သတိပေး ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကချင်ပြည်နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် မတ်လ ၂၂ရက်နေ့မှ ၂၄ ရက်အတွင်း မိုးကြီးနိုင်သည့်အတွက် မိုးကြောင့် ပျက်စီးဆုံးရှုံးနိုင်မည့် လယ်ယာလုပ်ငန်းများကို ကြိုတင်ကာကွယ်နိုင်ကြရန် သတိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။