Trending Now

အိန္ဒိယဝန်ကြီးချုပ်က ရုရှားသမ္မတပူတင်ကို စစ်တိုက်ရမယ့်အချိန်မဟုတ်ဘူးလို့ ပြော

Spread the love

အိန္ဒိယဝန်ကြီးချုပ်က ရုရှားသမ္မတပူတင်ကို စစ်တိုက်ရမယ့်အချိန်မဟုတ်ဘူးလို့ ပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၇

ယူကရိန်း နဲ့ ခုနစ်လနီးပါးကြာ ပဋိပက္ခဖြစ်ပွားနေတဲ့ ရုရှားသမ္မတကို “အခုက စစ်ပွဲအတွက်အချိမဟုတ်သေးဘူးလို့” အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောဆိုလိုက်ပါတယ်။

“ယနေ့ခေတ်ဟာ စစ်ခေတ်မဟုတ်မှန်း ကျွန်တော်သိပါတယ်၊ ဒီအကြောင်းကို ဖုန်းနဲ့ပြောပြီးပါပြီ” လို့ ဥဇဘက်ကစ္စတန် ဆာမာကန် မြို့မှာ ပြုလုပ်ခဲ့တဲ့ မနေ့က အစည်းအဝေးမှာ မိုဒီက ပူတင်ကို ပြောဆိုခဲ့တာပါ။

အိန္ဒိယ နဲ့ ရုရှားဟာ စစ်အေးခေတ်ကာလက ကာလရှည်ကြာ ဆက်ဆံရေးရှိပြီး ရုရှားဟာ အိန္ဒိယရဲ့ အကြီးမားဆုံး လက်နက်ရောင်းချသူအဖြစ် အခုအချိန်အထိ ရှိနေပါသေးတယ်။

ရုရှားသမ္မတ ပူတင်က အိန္ဒယခေါင်းဆောင်ရဲ့ ယူကရိန်းနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို နားလည်ကြောင်း နဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ တတ်နိုင်သလောက် လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး မင်းရဲ့ ရပ်တည်ချက်ကို ငါသိတယ်၊ မင်းအဆက်မပြတ် ဖော်ပြနေတဲ့ စိုးရိမ်မှုတွေကို ငါသိပါတယ် ဒါကို တတ်နိုင်သမျှ အမြန်ဆုံး ရပ်တန့်ဖို့ ကျွန်တော်တို့ အားလုံး လုပ်သွားမှာပါ။” လို့ ပူတင်က ပြောကြားခဲ့ပါတယ်။

အိန္ဒိယဟာ အမေရိကန်နဲ့ လုံခြုံရေးအရ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးရရှိဖို့ ကြိုးပမ်းနေပေမယ့် ရုရှားကို ပြစ်တင်ရှုတ်ချဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်တွေကိုတော့ ငြင်းဆိုခဲ့ပါတယ်။

ယူကရိန်းက စေ့စပ်ညှိနှိုင်းမှုတွေကို ပယ်ချခဲ့တယ်လို့ ပူတင်က ထည့်သွင်းပြောဆိုခဲ့ပြီး ယူကရိန်းကလည်း ရုရှားတပ်ဖွဲ့တွေ အားလုံးကို ပိုက်နက်ထဲကနေ မောင်းထုတ်နိုင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

ယူကရိန်းသမ္မတ ဇလန်ဇကီ ယူကရိန်းမြေကို ရုရှား ထိန်းသိမ်းထားနိုင်တဲ့ ငြိမ်းချမ်းရေးကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။

— ကိုးကား —
CNA
ref; India’s Modi tells Putin now is ‘not a time for war’

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။