Trending Now

မုန်တိုင်းသတိပေးချက်ကြာင့်ဟိုင်းကြိးကျွန်းမြို့နယ်မှ ငါးဖမ်းလုပ်ငန်းများယာယီရပ်နား

Spread the love

မုန်တိုင်းသတိပေးချက်ကြာင့်ဟိုင်းကြိးကျွန်းမြို့နယ်မှ
ငါးဖမ်းလုပ်ငန်းများယာယီရပ်နား

ဟိုင်းကြီးကျွန်း ၊ မေလ ၉

ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့နယ်တွင်
မုန်တိုင်းသတိပေးချက်ကြောင့် မေလ ၉ရက် နံနက်ပိုင်းမှစတင်၍ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းများယာယီရပ်နားထားရကြောင်းဟိုင်းကြီးကျွန်းမြို့ရှိပင်လယ်ငါးဖမ်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့်
အာစနီမုန်တိုင်း၏အရှိန်ကြောင့်ရာဝတီတိုင်းဒေသကြီးတွင် မိုးသက်လေပြင်းများတိုက်ခတ်ခြင်းနှင့်ပင်လယ်ပြင်လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှမုန်တိုင်းသတိပေးချက်အားမေလ ၉ ရက်နံနက်ကသတင်းထုတ်ပြန်ထားကြောင်း၊အဆိုပါ မုန်တိုင်းသတိပေးချက်ကြောင့်ဟိုင်းကြီးကျွန်းမြို့နယ်မှ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သောမော်တင်စွန်းဒေသ၊သမီးလှကျွန်းဒေသနှင့်ပတ်ဝန်းကျင် ကမ်းခြေဒေသများမှကမ်းထွက်ကမ်းဝင် ပင်လယ်ငါးဖမ်းလုပ်ငန်းများယာယီရပ်နားလိုက်ခြင်း
ဖြစ်ကြောင်းသိရသည်။

“ဖြစ်ပေါ်နေတဲ့အာစနီမုန်တိုင်းသတိပေးချက်ကြောင့်ပင်လယ်ငါးဖမ်းလုပ်ငန်းများခေတ္တရပ်နားလိုက်တာပါ။
ဟုတ်ကဲ့ဒီမနက်ပိုင်းကစတင်ပြီးငါးဖမ်းစက်လှေတွေကို ကမ်းခြေပြန်ကပ်ပြီးရပ်နားလိုက်တာပါလက်ရှိ ဒီဘက်မှာတော့မိုးတွေတော့ရွာနေတယ်။လှိုင်းတွေလည်း ထန်နေတယ်။မုန်တိုင်းရဲ့လေတိုက်နှုန်းကလည်း တစ်နာရီကိုမိုင် ၇၀ ဆိုတော့ကျွန်တော်တို့ဘက်တွေ လည်းရိုက်ခတ်မှုဒဏ်ခံရနိုင်တယ်ဒါ့ကြောင့်သဘာဝ ဘေးကိုရှောင်တိမ်းတာပါ။အသက်မသေရင်အလုပ်က နေတိုင်းလုပ်ရမှာပါ။”ဟုဟိုင်းကြီးကျွန်းမြို့နယ်မှပင်လယ်ငါး ဖမ်းလုပ်ငန်းရှင် ဦးကိုဇော်ကပြောသည်။

ဟိုင်းကြီးကျွန်းမြို့နယ်တွင်ပင်လယ်ပြင်ငါးဖမ်း
လုပ်ငန်းကိုငါးဖမ်းစက်လှေများအသုံးပြု၍ငါးဖမ်းစက်လှေ တစ်စီးလျှင် အမျိုးသား ၃ ဦးဖြင့်ငါးသလောက်များကို အဓိကဖမ်းယူကြကြောင်းသိရသည်။

အဆိုပါဒေသများတွင် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းလုပ်
ကိုင်သူများသည်ယခုနှစ်တွင်ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်သဖြင့်ငါးဖမ်းလုပ်ငန်း ဒုတိယကြိမ်ယာယီရပ်နားခြင်းဖြစ်ကြောင်းသိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။