Trending Now

ကချင်ပြည်နယ်တွင် အချိန်ခါမဟုတ် မိုးများရွာသွန်းပြီး မိုးသီးများလည်း ဝင်ရောက်နိုင်

Spread the love

ကချင်ပြည်နယ်တွင် အချိန်ခါမဟုတ် မိုးများရွာသွန်းပြီး မိုးသီးများလည်း ဝင်ရောက်နိုင်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၉ (၂၀၂၄)

ကချင်ပြည်နယ်တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်ပြီး မိုးသီးများလည်းဝင်ရောက်နိုင်ကြောင်း မိုးလေဝသပညာရှင် စုစုစံမှ ထုတ်ပြန်ကြေငြာထားသည်။

ကချင်ပြည်နယ်တွင် လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့မှ ၅ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းလာနိုင်ပြီး အထူးသဖြင့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မိုးသီးများ ဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ မိုးနှင့် မိုးသီးများမှာ ကချင်ပြည်နယ် ဒေသတစ်ခွင်လုံးတွင်သ ရွာနိုင်မည်ဖြစ်ကြောင်း သိရပြီး၊ အခြားပြည်နယ်တိုင်းများတွင် မိုးအနည်းငယ်သာ ရွာနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ယင်းကြောင့် ကချင်ပြည်နယ်ရှိ ပြည်သူများအနေဖြင့် မိုးရွာလျှင် ပျက်စီးဆုံးရှုံနိုင်သည့် စိုက်ခင်းများ လုပ်ဆောင်သူများ ဖေဖော်ဝါရီ ၂ ရက်မှ ၅ ရက်အတွင်း ကြိုတင်ပြင်ဆင်မှုများ ထားရှိရန်လို ကြောင်း ထုတ်ပြန်ထားသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။