Trending Now

တရုတ်နိုင်ငံအနောက်ပိုင်းမှာ ရေကြီးရေလျှံမှုအတွင်း ၁၆ ဦးသေဆုံးပြီး ၁၈ ဦး ပျောက်ဆုံးနေ

Spread the love

တရုတ်နိုင်ငံအနောက်ပိုင်းမှာ ရေကြီးရေလျှံမှုအတွင်း ၁၆ ဦးသေဆုံးပြီး ၁၈ ဦး ပျောက်ဆုံးနေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၈

တရုတ်နိုင်ငံအနောက်ပိုင်းတွင် ရုတ်တရက် မိုးသက်မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ပြီးနောက် မြစ်ကြောင်းလမ်းကြောင်းပြောင်းကာ လူနေထူထပ်ရာနေရာများတွင် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီးနောက် အနည်းဆုံး လူ ၁၆ ဦးထက်မနည်း သေဆုံးကာ ၁၈ ဦး ပျောက်ဆုံးနေကြောင်း တရုတ်အစိုးရမီဒီယာက ယနေ့သြဂုတ်လ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

အစောပိုင်းက လူ ၃၆ ဦး ပျောက်ဆုံးနေကြောင်း သတင်းပို့ခဲ့သော ကယ်ဆယ်ရေးသမားများက ၎င်းတို့ထဲမှ ၁၈ ဦးကို မွန်းလွဲပိုင်းတွင် တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း ကပြောကြားခဲ့သည်။သဘာဝဘေးအန္တရာယ်ကြောင့် Qinghai ပြည်နယ်ရှိ ရွာခြောက်ရွာမှ လူပေါင်း ၆၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယခုနှစ်နွေရာသီတွင် နိုင်ငံအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများနှင့် အခြားဒေသများတွင် ပြင်းထန်သော အပူဒဏ်နှင့် မိုးခေါင်မှု တို့ကို ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေသည့် အပူလှိုင်းများနှင့် မိုးးခေါင်ရေရှားမှုများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က တောင်ကျချောင်းတစ်ခုကြောင့် လူခုနစ်ဦး သေဆုံးခဲ့သည်။

source – အေပီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။