Trending Now

တောင်ကိုရီးယားမှာ ကြီးမားတဲ့ အမေရိကန် ဆန့်ကျင်ရေးဖြစ်ပွားခဲ့

Spread the love

တောင်ကိုရီးယားမှာ ကြီးမားတဲ့ အမေရိကန် ဆန့်ကျင်ရေးဖြစ်ပွားခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၉

တောင်ကိုရီးယား မြို့တော် ဆိုးလ်မြို့လယ်ခေါင်မှာ ပြီးခဲ့တဲ့ စနေနေ့က ကြီးမားတဲ့ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါဆန္ဒပြပွဲကို ပါဝင်ခဲ့တဲ့ လစ်ဘရယ်တက်ကြွလှုပ်ရှားသူ တွေဟာ အခုလကုန်ပိုင်းမှာ ပြုလုပ်မဲ့ တောင်ကိုရီးယား-အမေရိကန် ပူတွဲစစ်ရေးလေ့ကျင့်မှုကို အပြင်အထန်ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ လမ်မတွေပေါ်ကို ထွက်ကာ အမေရိကန်ဆန့်ကျင်ရေး ကြွေးကျော်သံတွေနဲ့အတူ “တောင်ကိုရီးယား – အမေရိကန် မဟာမိတ်ကို ဖျက်သိမ်းပါ” “‘ဒီမြေဟာ အမေရိကန် စစ်အခြေစိုက်စခန်းမဟုတ်” လို့ တောင်းဆိုခဲ့ကြပါတယ်။

တက်ကြွလုပ်ရှားသူတွေဟာ မိုကာအင်္ကျီတွေကို ဝတ်ဆင်ထားကြပြီး ” စစ်ပွဲအလိုမရှိ၊ အမေရိကန် အလိုမရှိ” ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူ အမေရိကန်ပြည်ထောင်စုကို ဝေဖန်တဲ့ စာတမ်းတွေကို ကိုင်ဆောင်ထားကြပါတယ်။

တောင်ကိုရီးယား အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (KCTU) ရဲ့ အကြီးအကဲ Yang Kyung-soo က စစ်ပွဲအတွက် ပြင်ဆင်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲကိုဖိတ်ခေါ်နေတဲ့ ရည်ရွယ်ချက်နဲ့ တူညီတယ်လို့ ဆန္ဒပြပွဲအတွင်းမှာ ပြောကြားခဲ့ပါတယ်။

KCTU အဖွဲ့ဝင်အချို့ဟာ နိုင်ငံတစ်ဝှမ်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအနီးမှာ ယခုလအစောပိုင်းကလည်း တပ်စွဲထားတဲ့ အမေရိကန်တပ်တွေကို ရုပ်သိမ်းပေးဖို့ တောင်ဆိုဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိ တောင်ကိုရီးယားတွင် အမေရိကန်စစ်သား ၂၈,၅၀၀ ခန့် တပ်စွဲထားကြောင်း သိရှိရပါတယ်။

source – Xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။