Trending Now

မြန်မာ – ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရေးဆွေးနွေး

Spread the love

မြန်မာ – ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရေးဆွေးနွေး

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၀

မြန်မာ – ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ရုရှားရင်းနီးမြုပ်နှံမှု ညွန်ကြားရေးမှုး မစ္စတာ အလက် ဇန်းဒါး ဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ်တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး မစ္စတာ အလက် ဇန်းဒါး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၈ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ (၁) ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။

တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံကြား ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ခရီးသွားလာရေး၊ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်၊ စွမ်းအင်၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလည်း နောက်ပိုင်းတွင် မြန်မာနှင့် ရုရှားတို့သည် အထူးသဖြင့် စီးပွားရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များတွင် ယခင်ကထက် ပိုမိုနီးကပ်စွာ ဆက်သွယ်မှု ပြုလုပ်ခဲ့သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။