Trending Now


Spread the love

EPN
အစိုးရဌာနတာဝန်ရှိသူများ လိုက်ပါလျှက် (Kopia-project)ကိုးရီးယားနည်းပညာဖြင့် စမ်းသပ်စိုက်ပျိုးထားသော မိုးညှင်းခရိုင် မိုးညှင်းမြို့ အင်ကြင်းကုန်းကျေးရွာ တောင်သူ ဦးအုန်းမြင့်နှင့်ဦးတင်ထွန်းတို့ ၏ ပဲပုတ်စိုက်ခင်းများသို့ ယနေ့ ဖေဖော်ဝါရီ (၂၃)ရက်နံနက်(၉)နာရီအချိန်က အဆိုပါကျေးရွာရှိ ပဲပုတ်စိုက်ခင်း၌ ဒေသခံတောင်သူများနှင့်  တွေ့ဆုံကာ စိုက်ပျိုးနည်းစနစ်များကို ကွင်းဆင်းစစ်ဆေး ကြည့်ရှု့ခဲ့သည်။
ထိုသို့ လာရောက်တွေ့ဆုံစဉ် အရည်အချင်းပြည့်မှီသော ပြည်ပစံချိန်မှီ စားသုံးကုန်အဖြစ် ကြိုးစားစိုက်ပျိုးကြရန် တောင်သူများနှင့် တွေ့ဆုံစဉ် အားပေးစကား ပြောကြားခဲ့ပြီးနောက် ကချင်ပြည်နယ်မိုးညှင်းမြို့ ပြည်နယ်စားသုံးသူရေးရာ အသင်းမှပြုလုပ်သော ပဲပုတ်စိုက်ပျိုးရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မှ စိုက်ပျိုးရေးစနစ်အခြေခံနည်းပညာကောင်း ရရှိပါက တောင်သူဘဝ စိတ်အေစချမ်းသာရမှာဖြစ်ပြီး ယခုလက်ရှိစမ်းသပ်စိုက်ပျိုးလျှက်ရှိသော ကိုးရီးယားနည်းပညာနှင့် ပေါင်းစပ်စိုက်ပျိုးရာမှ ရရှိသော ရလာဒ်ကိုကြည့်ပြီး မစိုက်ပျိုးရသေးသော ကျန်တောင်သူများကိုလည်း ဆက်လက်အကောင်အထည် ဖော်စိုက်ပျိုးသင့်ကြောင်းနှင့် မိုးညှင်းမြို့နယ်ရေမြေရာသီဥတုနှင့်လိုက်ဖက်သော ပဲပုတ်မျိုးများကိုစိုက်ပျိုးပါက တောင်သူများအနေဖြင့် စီးပွားဖြစ်ထွန်းမှု့ မုချရနိုင်ကြောင်း ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်နှင့် အစိုးရဌာန တာဝန်ရှိသူများ၊ မိုးညှင်းခရိုင်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း ဦးစီးဌာနမှ ခရိုင်မြို့နယ်ဦးစီးအရာရှိများ၊ မိုးညှင်း စိုက်ပျိုးရေးသုတေသန အရာရှိ ဒေါ်မာမာဝင်းနှင့်ခြံမန်နေဂျာ ဦးမြင့်သောင်း၊ နှင့် ကချင်ပြည်နယ်၊ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဖေသန်းဝင်းနှင်ဒုတိယဦးစီးမှူးဦးဆန်းလွင်ဦးနှင့် တာဝန်ရှိသူများ၊ မိုးညှင်းမြို့နယ်ရှိဒေသခံတောင်သူများနှင့် ပဲပုတ်ရောင်းဝယ်ရေး မိုးမြင့်ကြယ်အဖွဲ့၊သူရိန်ထွန်း-တောင်နီ -ပဲပုတ်လုပ်ငန်းရှင်များအဖွဲ့၊ ထွယ်ဆန်နန်းမား လူမှု့အဖွဲ့အစည်းနှင့် လွယ်ယန်ဘွန်လူမှု့အဖွဲ့အစည်းမှတာဝန်ရှိသူများမှ ပဲပုတ်စိုက်ပျိုးသီးနှံအကြောင်းအရာများကို တက်ရောက်ဆွေးနွေးခဲ့ကြရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူ လူဦးရေ ၈၀ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မိုးမြင့်
——————————————–
ကိုးရီးယားနည်းပညာဖြစ့်စမ်းသပ်စိုက်ပျိုးထားသော ပဲပုတ် စိုက် ခင်းများသို့ ပြည်နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး လာရောက်ကြည့်ရှူ့
EPN
မိုးညှင်း-ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းသည် မိုးညှင်းမြို့ပြည်နယ်လွှတ်တော်အမတ်ဦးတင်အေးနှင့်အတူ အစိုးရဌာနတာဝန်ရှိသူများ လိုက်ပါလျှက် (Kopia-project)ကိုးရီးယားနည်းပညာဖြင့် စမ်းသပ်စိုက်ပျိူးထားသော မိုးညှင်းခရိုင် မိုးညှင်းမြို့ အင်ကြင်းကုန်းကျေးရွာ တောင်သူ ဦးအုန်းမြင့်နှင့်ဦးတင်ထွန်းတို့ ၏ ပဲပုတ်စိုက်ခင်းများသို့ ယနေ့ ဖေဖော်ဝါရီ (၂၃)ရက်နံနက်(၉)နာရီအချိန်က အဆိုပါကျေးရွာရှိ ပဲပုတ်စိုက်ခင်း၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးနည်းစနစ်များကို ကွင်းဆင်းစစ်ဆေး ကြည့်ရှု့ခဲ့သည်။
ထိုသို့ လာရောက်တွေ့ဆုံစဉ် အရည်အချင်းပြည့်မှီသော ပြည်ပစံချိန်မှီ စားသုံးကုန်အဖြစ် ကြိုးစားစိုက်ပျိုးကြရန် တောင်သူများနှင့် တွေ့ဆုံစဉ် အားပေးစကား ပြောကြားခဲ့ပြီးနောက် ကချင်ပြည်နယ်မိုးညှင်းမြို့ ပြည်နယ်စားသုံးသူရေးရာ အသင်းမှပြုလုပ်သော ပဲပုတ်စိုက်ပျိူးရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မှ စိုက်ပျိုးရေးစနစ်အခြေခံနည်းပညာကောင်း ရရှိပါက တောင်သူဘဝ စိတ်အေစချမ်းသာရမှာဖြစ်ပြီး ယခုလက်ရှိစမ်းသပ်စိုက်ပျိူးလျှက်ရှိသော ကိုးရီးယားနည်းပညာနှင့် ပေါင်းစပ်စိုက်ပျိုးရာမှ ရရှိသော ရလာဒ်ကိုကြည့်ပြီး မစိုက်ပျိုးရသေးသော ကျန်တောင်သူများကိုလည်း ဆက်လက်အကောင်အထည် ဖော်စိုက်ပျိုးသင့်ကြောင်းနှင့် မိုးညှင်းမြို့နယ်ရေမြေရာသီဥတုနှင့်လိုက်ဖက်သော ပဲပုတ်မျိုးများကိုစိုက်ပျိုးပါက တောင်သူများအနေဖြင့် စီးပွားဖြစ်ထွန်းမှု့ မုချရနိုင်ကြောင်း ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်နှင့် အစိုးရဌာန တာဝန်ရှိသူများ၊ မိုးညှင်းခရိုင်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း ဦးစီးဌာနမှ ခရိုင်မြို့နယ်ဦးစီးအရာရှိများ၊ မိုးညှင်း စိုက်ပျိူးရေးသုတေသန အရာရှိ ဒေါ်မာမာဝင်းနှင့်ခြံမန်နေဂျာ ဦးမြင့်သောင်း၊ နှင့် ကချင်ပြည်နယ်၊ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးဖေသန်းဝင်းနှင်ဒုတိယဦးစီးမှူးဦးဆန်းလွင်ဦးနှင့် တာဝန်ရှိသူများ၊ မိုးညှင်းမြို့နယ်ရှိဒေသခံတောင်သူများနှင့် ပဲပုတ်ရောင်းဝယ်ရေး မိုးမြင့်ကြယ်အဖွဲ့၊သူရိန်ထွန်း-တောင်နီ -ပဲပုတ်လုပ်ငန်းရှင်များအဖွဲ့၊ ထွယ်ဆန်နန်းမား လူမှု့အဖွဲ့အစည်းနှင့် လွယ်ယန်ဘွန်လူမှု့အဖွဲ့အစည်းမှတာဝန်ရှိသူများမှ ပဲပုတ်စိုက်ပျိုးသီးနှံအကြောင်းအရာများကို တက်ရောက်ဆွေးနွေးခဲ့ကြရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူ လူဦးရေ ၈၀ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။