Trending Now

တူရကီနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုတွင် လေးဦးသေ၊ ၁၀၈ ဦး ဒဏ်ရာရ

Spread the love

တူရကီနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုတွင် လေးဦးသေ၊ ၁၀၈ ဦး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၄

တူရကီနိုင်ငံအနောက်မြောက်ပိုင်း ဆာကာရာပြည်နယ်ရှိ မီးရှူးမီးပန်း စက်ရုံတစ်ခု ပေါက်ကွဲမှုတွင် သေ ဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၈ ဦးအထိ ရှိလာခဲ့ပြီဟု တူရကီဝန်ကြီးများက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့ သည်။

ပေါက်ကွဲမှုကြောင့် လူလေးဦး သေဆုံးခဲ့ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေ ဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လူက ဟန်ဒတ်ခ်ခရိုင်ရှိ အခင်းဖြစ်ပွားရာနေရာ၌ သတင်း ထောက်များသို့ ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီး ဖာရတ်တင်ကိုကာက ပေါက်ကွဲမှုကြောင့် စုစုပေါင်း လူ ၁၀၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတို့အနက် ၄၈ ဦးမှာ ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး နောက်ပိုင်းတွင် ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇူလိုင် ၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁:၁၅ နာရီက ယင်းစက်ရုံတွင် ပေါက်ကွဲစေသောပစ္စည်း တန် ၁၁၀ ပါဝင်သော ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက် နောက်ထပ် ပေါက်ကွဲမှုများစွာ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

မီးခိုးများအတွင်းရှိ ဓာတုပစ္စည်းများက ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် ဒေသခံများအား ယင်းဒေသ မှထွက်ခွာသွားကြရန်နှင့် နေအိမ်အတွင်း၌ပင်နေထိုင်ကြရန် အာဏာပိုင်များက တိုက်တွန်းခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုအား စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုအဖြစ် စဉ်းစားသင့်ကြောင်းနှင့် စက်ရုံအ တွင်း ရေဒီယိုသတ္တိကြွမှုအရင်းအမြစ် မတွေ့ရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှု အာဏာ ပိုင်အဖွဲ့က ကြေညာခဲ့သည်။

–ကိုးကား–
ဆင်ဟွာ
Ref; 4 killed, 108 wounded in fireworks factory blast in NW Turkey: ministers


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။