Trending Now

ထိုင်းနိုင်ငံ ရွေးကောက်ပွဲအနိုင်ရ Move Forward ကို ညွန့်ပေါင်းအဖွဲ့ကနေ ထုတ်ပယ်

Spread the love

ထိုင်းနိုင်ငံ ရွေးကောက်ပွဲအနိုင်ရ Move Forward ကို ညွန့်ပေါင်းအဖွဲ့ကနေ ထုတ်ပယ်

EPN
နိုင်ငံတကာ၊ သြဂုတ် ၃

ထိုင်းနိုင်ငံရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ညွန့်ပေါင်းအဖွဲ့ကနေ ဖယ်ထုတ်လိုက်ကြောင်း အစိုးရသစ်ဖွဲ့စည်းဖို့ ရည်မှန်းထားတဲ့ မဟာမိတ်အဖွဲ့ ပါတီတွေက သြဂုတ်လ ၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တယ်လီကွန်းသူဌေးကြီးဟောင်း သက်ဆင်ရှင်နာဝပ်ထရာ တည်ထောင်ခဲ့တဲ့ ဖြူးထိုင်းပါတီက သြဂုတ်လ ၄ ရက်နေ့မှာ ဝန်ကြီးချုပ်အဖြစ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို အမည်စာရင်းတင်သွင်းသွားမှာဖြစ်ပြီး Move Forward ပါတီ မပါဝင်ဘဲ အစိုးရဖွဲ့စည်းဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဖြူးထိုင်းပါတီက Move Forward ပါတီနဲ့ တိုင်ပင်ကာ ပူးပေါင်းဆောင်ရွက်မှုကနေ နုတ်ထွက်မှာဖြစ်ပြီး အစိုးရဖွဲ့စည်းရေးနဲ့ ဝန်ကြီးချုပ်အဖြစ် ထိုင်းနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ဆရက်သာသာဗီဆင် ကိုအမည်စရင်းတင်သွင်းဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Move Forward က မေလ ၁၄ ရက် ရွေးကောက်ပွဲ အပြီးမှာ အစိုးရဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အထက်လွတ်တော်အမတ်တွေရဲ့ မဲပေးမှုကို မရရှိခဲ့တဲ့အပြင် ပါတီခေါင်းဆောင်ဖြစ်သူက မီဒီယာကုမ္ပ ဏီတစ်ခုမှာ အစုရှယ်ယာ ပါဝင်ထားတဲ့အတွက် လွတ်တော်အမတ်အဖြစ်ကနေပါ ဆိုင်းငံ့ခံခဲ့ရပါတယ်။

Move Forward ပါတီဟာ ရှေးရိုစွဲတော်ဝင် ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ လူငယ်တွေကြားက ပေါက်ဖွားခဲ့တာဖြစ်ပြီး အထူးသဖြင့် အထူးသဖြင့် ပုဒ်မ ၁၁၂ လို့ခေါ်တဲ့ ဘုရင်စနစ်ကို စော်ကားမယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပေဒကို ပြင်ဆင်မယ်လို့ ကတိပြုထားပါတယ်။

ဖြူးထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းဖြစ်တဲ့ ဆရက်သာသာဗီဆင်ကတော့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ အထက်လွှတ်တော်အမတ်တွေနဲ့ အောက်လွှတ်တော်အမတ်တွေဆီက လုံလောက်တဲ့ မဲတွေရရှိဖိုအတွက် ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ဥပဒေကို ပြင်ဆိုဖိုဆိုတဲ့ကိစ္စ ကို ဘေးဖယ်ထားရမှာဖြစ်တယ်လို့ သြဂုတ်လ ၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဖြူးထိုင်းပါတီ လက်ထောက်ခေါင်းဆောင်က သူ့ရဲ့ပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို ထောက်ခံသွားမှာ မဟုတ်ပေမယ့် စီးပွားရေးနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းရေးကို အာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လွတ်တော်နှစ်ရပ်ပေါင်းက ဝန်ကြီးချုပ်သစ်ကို သြဂုတ်လ ၄ ရက်နေ့မှာ မဲပေးရမှာဖြစ်ပါတယ်။

Ref; CNA


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။