Trending Now

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် မြန်မာနှင့် ဗီယက်နမ် ယနေ့ကစားမည်

Spread the love

ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် မြန်မာနှင့် ဗီယက်နမ် ယနေ့ကစားမည်

EPN
မြစ်ကြီးနား၊ မေ ၁၈

ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယနေ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။

ဆီးဂိမ်း ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ထိုင်းနှင့် ဖိလစ်ပိုင်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် အိမ်ရှင်ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာအသင်းသည် အရှေ့တောင်အာရှ ထိပ်သီးအသင်းများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်တို့နှင့် ယခင်တွေ့ဆုံမှုများတွင် ရလဒ်မကောင်းခဲ့သော်လည်း ယခုနှစ်အတွင်း တွေ့ဆုံမှုများတွင် နှစ်သင်းစလုံးကို သရေကစားနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိ ဗီယက်နမ်အသင်းသည် ယခုဆီးဂိမ်းပြိုင်ပွဲ၏ အိမ်ရှင်အသင်းဖြစ်သလို လက်ရှိချန်ပီယံအသင်းလည်းဖြစ်ရာ မြန်မာအသင်းအနေဖြင့် ပိုမိုအားထုတ်ကစားရဖွယ်ရှိနေပြီး အုပ်စုပွဲစဉ်များထက် ပိုမိုကောင်းမွန်သည့် ခြေစွမ်းဖြင့် ကစားနိုင်မှသာ ဗိုလ်လုပွဲသို့ တစ်ကျော့ပြန် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အုပ်စုပွဲများတွင် မြန်မာအသင်းက လာအိုအသင်းကို သုံးဂိုး-ဂိုးမရှိ၊ စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိ ဖြင့်အနိုင်ရရှိကာ ထိုင်းအသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီး ဗီယက်နမ်အသင်းမှာမူ ဖိလစ်ပိုင်ကို နှစ်ဂိုး-တစ်ဂိုး၊ ကမ္ဘောဒီးယားကို ခုနစ်ဂိုးပြတ်တို့ဖြင့် အနိုင်ရလာခြင်းဖြစ်ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။