Trending Now

ထိုင်ပင်လယ်ထဲမှာ စက်လှေပျက်ပြီး မျှောပါနေတဲ့ ဘင်္ဂါလီ ၁၅၀ ကျော်ကို ကယ်တင်မယ့်သူ မရှိသေး

Spread the love

ထိုင်ပင်လယ်ထဲမှာ စက်လှေပျက်ပြီး မျှောပါနေတဲ့ ဘင်္ဂါလီ ၁၅၀ ကျော်ကို ကယ်တင်မယ့်သူ မရှိသေး

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၈

ဘင်္ဂါလီလူမျိုး ၁၅၀ ကျော်ဟာ ထိုင်ပင်လယ်ပြင်ထဲမှာ စက်လှေပျက်ပြီး မျှောပါကာ အများအပြား သေဆုံးခဲ့ပေမယ့် အခုအချိန်အထိ ကယ်တင်မယ့်လူ မရှိသေးဘူးလို့ ဘန်ကောက်ပို့စ်သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ သင်္ဘောဟာ နိုင်ဝင်ဘာလနှောင်းပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်း ကမ်းလွန်ဘက်မှ စက်လှေပျက်သွားခဲ့တာလို့ လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေရဲ့ ဆွေးမျိုးတွေနဲ့ တွေ့ဆုံမေးမြန်းချက်ကို ကိုးကားပြီးဖော်ပြထားပါတယ်။

လှေပေါ်မှာ ပါလာတဲ့သူတွေဟာ အစားအစာနဲ့ ရေတွေ ကုန်လုနီးပါးဖြစ်နေပြီး စက်လှေပေါ်လိုက်ပါလာတဲ့ သူတွေက ထိုင်းရေတပ်သင်္ဘောတစ်စီးကို တွေ့ဖူးတယ်ပြောပေမယ့် မကူညီခဲ့ဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမည်မဖော်လို့တဲ့ ထိုင်းရေတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက လှေဟာ ထိုင်းရေပိုင်နက်ထဲမှာရှိနေတာ မဟုတ်ဘဲ အိန္ဒိယရေပိုင်နက်ထဲမှာ ရှိနေတာလို့ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယ ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ပျက်နေတဲ့ စက်လှေနဲ့ ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ မရရှိသေးတဲ့အတွက် စက်လှေရဲ့ တည်နေရာကို မသိရသေးဘူးလို့ ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတစ်ဦးက စက်လှေပေါ်ပါလာတဲ့ သူတစ်ချို့ဟာ သေဆုံးသွားပြီဖြစ်သလို “သူတို့အခြေအနေ အရမ်းဆိုးနေတယ် ကယ်တင်မယ့်လူမရှိရင် အစာရေစာပြတ်လပ်ပြီး သေလိမ့်မယ်” လို့ ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကျော်ဖို့ ကြိုးစားသူ အရေအတွက်ဟာ ဒီနှစ်မှာ သိသိသာသာ တိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က သောကြာနေ့က ပြောပါတယ်။

ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံးဖြစ်တဲ့ အဆိုပါဖြတ်ကူးမှုဟာ လူပေါင်း ၁၉၀၀ ထက်မနည်းဖြတ်ကူးခဲ့ပြီး ၂၀၂၀ ခုနှစ်ကထက် ၆ ဆပိုများလာပြီး ယခုနှစ်အတွင်းမှာပဲ အနည်းဆုံး ၁၁၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ UNHCR ရဲ့ ပြောရေးဆိုခွင့်ရှိသူက လှေပေါ်မှာရှိတဲ့ လူတွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အလွန်းစိုးရမ်မိကြောင်းနဲ့ ထိုင်းအာဏာပိုင်တွေကို ကယ်ဆယ်ပြီး ဘေးကင်းရာ ဆင်းသက်ပေးစေဖို့ တိုက်တွန်းခဲ့ပါတယ်။

— ကိုးကား —
ဘန်းကောက်ပို့စ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။