Trending Now

တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် လူအများအပြား သေဆုံး၊ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာရ

Spread the love

တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် လူအများအပြား သေဆုံး၊ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာရ

EPN
နိုင်ငံတကာ၊ ဇွန် ၁၁

တရုတ်နိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားမှုကြောင့် ပြည်သူများစွာ အိုးအိမ် မဲ့ဖြစ်ခဲ့ရပြီး အများအပြား သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ်ကာလအတွင်း လနှင့်ချီ ခရီးသွားလာမှု ကန့်သတ်ချက်များ ကြုံတွေ့ခဲ့ရ သည့် နာမည်ကျော် ခရီးသွားနယ်မြေများတွင် ဆိုးရွားသောရာသီဥတုက အကြီးအကျယ်ထိခိုက်စေခဲ့ခြင်းဖြစ် သည်။


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၃၀၀၀၀ နီးပါး ကို နေရာပြောင်းခဲ့ရပြီး အိမ်ပေါင်း ၁၃၀၀ ကျော် ပျက်စီးခဲ့ရကြောင်း အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကို ကိုး ကား၍ နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီကျောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လူခြောက်ဦး သေဆုံးခဲ့ပြီး တစ်ဦး ပျောက်ဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

နာမည်ကျော် ကမ္ဘာလှည့်ခရီးသွားနယ်မြေ ယန်ရှောင်၌ လမ်းမကြီးများတွင် ရေလွှမ်းမိုးခဲ့ရာ ဒေသခံများ၊ ခရီးသွားများက ဝါးဖောင်များအသုံးပြု၍ ဘေးလွတ်ရာရွှေ့ပြောင်းနေရကြောင်း သိရသည်။ ဟိုတယ် အလုံး ၁၀၀၀ ကျော် ရေနစ်မြှုပ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားနယ်မြေ ၃၀ ခုကျော် ထိခိုက်ပျက်စီးခဲ့ရသည်။

ရေကြီးရေလျှံမှုများက ကိုဗစ်-၁၉ ကပ်ရောဂါဘေးသင့် ဒေသတွင်း ခရီးသွားလုပ်ငန်းအတွက် ထိုးနှက် ချက်တစ်ခု ဖြစ်လာခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုပမာဏမှာ ယွမ် ၄ ဘီလီယံ (အမေ ရိကန်ဒေါ်လာ သန်း ၅၅၀) ရှိခဲ့ဟု အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဟူနန်ပြည်နယ်တွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် ဘေးန္တရာယ်များကြောင့် လူ ၁၃ ဦးထက်မနည်း သေ ဆုံးခဲ့ပြီး တရုတ်နိုင်ငံနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် လူရှစ်ဦး ပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ ကြောင်း ဒေသန္တရ အရေးပေါ်တုံ့ပြန်ရေးဌာနများ၏ ပြောကြားချက်အရ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုမှာ ယခုလအစတွင် စတင်ခဲ့ပြီး မြစ် ၁၁၀ စင်းတွင် အန္တရာယ်ကြီးမားသော မြစ် ရေကြီးမှုများ ဖြစ်စေခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဆိုသည်။

လာမည့်ရက်အနည်းငယ်အတွင်း တရုတ်နိုင်ငံ တောင်ပိုင်းတစ်လျောက် မိုးသက်မုန်တိုင်းများ ကျရောက်မည်ဟု မျှော်မှန်းရသည်။

–ကိုးကား–
ဆင်ဟွာ
Ref; China floods: dozens killed and hundreds of thousands displaced


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။