Trending Now

စစ်ရေးလေ့ကျင့်မှုအတွင်း အီရန်စစ်သင်္ဘောအား ဒုံးကျည် မတော်တဆ ထိမှန်ခဲ့ရာ အမှုထမ်း ၁၉ ဦး သေဆုံး

Spread the love

စစ်ရေးလေ့ကျင့်မှုအတွင်း အီရန်စစ်သင်္ဘောအား ဒုံးကျည် မတော်တဆ ထိမှန်ခဲ့ရာ အမှုထမ်း ၁၉ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ မေ ၁၁

စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း ပစ်ခတ်လိုက်သော အီရန်ဒုံးကျည်တစ်စင်းသည် ပစ်မှတ်အနီးရှိ ထောက်ပံ့ရေး ရေယာဉ်တစ်စင်းကို ထိမှန်ခဲ့ရာ သင်္ဘောအမှုထမ်း ၁၉ ဉီး သေဆုံးခဲ့ပြီး ၁၅ ဉီး ဒဏ်ရာရရှိခဲ့ကြောင်း အီရန် နိုင်ငံပိုင်မီဒီယာက ယနေ့ ဖော်ပြခဲ့သည်။

ယနေ့ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နေသည့် ဒုံးပစ်ရေယာဉ်တစ်စင်းဖြစ်သည့် “ကိုနာရတ်” ကို ဒုံးကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် ပစ်မှတ်နှင့် အလွန်နီးကပ်နေခြင်းကြောင့် စစ်သင်္ဘောကို ဒုံးကျည် ထိ မှန်ခဲ့ခြင်းဖြစ်ကြောင်း အီရန် နိုင်ငံပိုင်ရုပ်သံက ဖော်ပြခဲ့ပြီး မတော်တဆဖြစ်ရပ်ဟု ဆိုသည်။

ဒုံးကျည် ထိမှန်ခဲ့သည်ရေယာဉ်မှာ နစ်မြှုပ်သွားခဲ့ကြောင်း အခြားသတင်းတစ်ပုဒ်က ဖော်ပြခဲ့သည်။

စစ်ရေးလေ့ကျင့်ရာ ပစ်မှတ်အနီးသို့ ရေယာဉ်ရောက်ရှိလာခြင်းကြောင့် ဒုံးကျည်ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံဌာနက ဖော်ပြခဲ့သည်။

စစ်သင်္ဘောအချင်းချင်း မှားယွင်းပစ်ခတ်မိခြင်းနှင့်ပတ်သက်၍ အီရန် နိုင်ငံပိုင်မီဒီယာများက ရှားရှားပါး ပါး ဖော်ပြခြင်းဖြစ်သည်။

–ကိုးကား–
ဒီဒဗလျူ
Ref; Iran warship accidentally ‘hit by missile’ during military drill


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။