Trending Now

ဗန်းမော်မြို့အမှတ်(၂)ဈေး စည်ပင်သာယာဈေး ပြန်လည်ဖွင့်လှစ်

Spread the love

ဗန်းမော်မြို့အမှတ်(၂)ဈေး စည်ပင်သာယာဈေး ပြန်လည်ဖွင့်လှစ်

EPN
ဗန်းမော်၊ မေ ၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ အမှတ်( ၂)ဈေးကို မေလ ၁ ရက် ယနေ့ နံနက် ၅ နာရီက ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။

ပြည်သူများ COVID-19 ရောဂါ အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အမိန့်အရ အမှတ်(၁)နှင့် အမှတ်(၂)ဈေးတို့ကို ဧပြီ ၁ ရက် နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ပိတ်သိမ်းထားခဲ့ရာမှ ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“ဈေးဖွင့်ချိန်ကတော့ မနက် ၅ နာရီကနေ မွန်းတည့် ၁၂ နာရီထိ ဖြစ်တယ်။ စည်းကမ်းသတ်မှတ်ချက်နဲ့အညီ
ရောင်းချဖို့ ဈေးသည်တွေကို ပြောထားပါတယ်။ စည်းကမ်းသတ်မှတ်တဲ့စာကို ဈေးဆိုင်တိုင်းမှာ စာကပ် ထားပေးတယ်”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ အရာရှိတစ်ဦးက ပြောသည်။

ဤကဲ့သို့ အမှတ်(၂) ဈေး ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့်အတွက် ၀မ်းသာကြောင်း ဈေးသည် တစ်ဦးက ယခုကဲ့သို့ ဆိုသည်။

“ဒီနေ့ အမှတ်(၂)ဈေး စဖွင့်လို့ ဝမ်းသာမိပါတယ်။ တစ်လတိတိ ဈေးဆိုင်ပိတ် ထားရပါတယ်။ ဒီဈေးက စားသောက်ကုန်၊ ဟင်းသီးဟင်းရွက်ရောင်းတာများပါတယ်။ မြို့အလယ်မှာရှိတဲ့ ဈေးဖြစ်လို့ စားသုံးသူတွေ အတွက်လဲအဆင်ပြေတယ်”ဟု ဈေးသည်တစ်ဦးက ပြောသည်။

မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင် ဈေးများနှင့်ပတ်သက်၍ ညွှန်ကြားချက်အတိုင်း မေ လ ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ်ထားခြင်းအား ဈေးသည်များ သိရှိလိုက်နာဆောင်ရွက်ကြရန် ဗန်းမော်မြို့နယ် စည်ပင်သာယာရေး အဖွဲ့က ဧပြီ ၂၉ ရက်စွဲပါ ကြေငြာစာအမှတ် ၈/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမှတ်(၂)ဈေးကို စတင်ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း မြို့မရပ်ကွက်ရှိ သီရိရတနာဈေး (အမှတ်-၁ ဈေး)ကို မေလ ၁၅ ရက်အထိ ပိတ်သိမ်းထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။