Trending Now

ဖားကန့် ဆိပ်မူဒေသ အထက်မက်လင်ချောင်၌ ဆီတင်ကား တိုက်မိသဖြင့် လူတစ်ဦးသေဆုံး

Spread the love

ဖားကန့် ဆိပ်မူဒေသ အထက်မက်လင်ချောင်၌ ဆီတင်ကား တိုက်မိသဖြင့် လူတစ်ဦးသေဆုံး

EPN
ဖားကန့်၊ ဇွန် ၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံကျေးရွာ အုပ်ချုပ်မှုနယ်မြေ အထက်မက်လင်ချောင် ရွာထိပ် အတက်ကွေ့နေရာ၌ ယနေ့၊ ဇွန် ၃ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ဆီတင်ကားနှင့် ဆိုင်ကယ် တိုက်မိမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် (၁၆)နှစ်အရွယ် မောင်ကီးရမ်းဆိုသူဖြစ်ပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် ဦးခေါင်း ခြေဖနောင့် ထိခိုက် ဒဏ်ရာများဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မောင်ကျော်ဇင်ဝင်း၊ ၂၀ နှစ် မောင်းနှင်လာသည့် နံပါတ်မပါ Volvo ၁၂ ဘီးယာဉ်သည် ကုမ္ပဏီသို့ ဆီပေပါ ပို့ဆောင်ရန်အတွက် အထက်မက်လင်ချောင်ရွာလမ်း ကန်ခန်မြေစာပုံသွားလမ်း အတိုင်း မောင်းနှင်စဉ် ကုန်းတက်အကွေ့နေရာတွင် ၎င်းနှင့် လားရာတူ သွားနေသည့် မောင်ကီရမ်း ၁၆နှစ် မောင်းနှင်ပြီး နောက်တွင် မောင်ရှိန်းရဝေ လိုက်ပါလာသည့် ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ရာမှ ယင်းကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူ မောင်ကီရမ်းနှင့် ဒဏ်ရာရရှိသူ မောင်ရှိန်းရဝေ၊ (၁၇)နှစ် အား မမုံစံပြကျေးရွာ လူမှုကူညီရေး မော်တော်ယာဉ် အကူအညီဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၁၂ ဘီး မော်တော်ယာဉ်မောင်း မောင်ကျော်ဇင်ဝင်း၊ (၂၀)နှစ်၊ (ဘ) ဦးဘုန်းကျော်၊ ထောင့်တစ်လီကျေးရွာ၊ ကသာမြို့နယ်နေသူအား ဖားကန့်ရဲစခန်းမှ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။