Trending Now

မန္တလေးက ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးရှိသူ ၏ နေအိမ်ပတ်ဝန်းကျင်တွင် ဆေးဖြန်း

Spread the love

မန္တလေးက ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးရှိသူ ၏ နေအိမ်ပတ်ဝန်းကျင်တွင် ဆေးဖြန်း
 

EPN
မန္တလေး၊ မတ် – ၂၇

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာတွင် နေထိုင်သည့် အမေရိကန်နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး အသက် (၃၃) နှစ်ရွယ် အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီး ၎င်းနေထိုင်ရာ အိမ်နှင့် ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိသည် ။

အဆိုပါ ပိုးတွေ့ရှိသူအနေဖြင့် ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ပြီး (၂၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိသည်။

“ဆေးစစ်တယ် အိမ်မှာပဲ ၁၄ ရက်နေဖို့စောင့်ကြည့်တယ်။ အဲ့လိုနေရင်းနဲ့မှ သူက ကျန်းမာရေးမကောင်းလို့ ဆိုပြီး ဆေးရုံကြီးရောက်တာ ။ ဒီကြားထဲမှာ လိုက်စုံစမ်းတဲ့အခါ ဆေးခန်းတွေသွားခဲ့တယ်။ ဒီဆေးခန်းတွေ လည်း လိုက်စုံစမ်းနေတယ် ။´´ ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောသည်။

အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀)ရက်နေ့၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ သုံးဘီးယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

သုံးဘီးမောင်းသမားအနေဖြင့်လည်း ဆေးစစ်ရန်ဆောင်ရွက်လျှက်ရှိပြီး ပိုးတွေ့သူ၏ မိသားစုဝင်များကို လည်း ဆက်လက်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်အောင်(မန္တလေး)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။