Trending Now

ပုသိမ်မြို့နယ်တွင် စီးပွားရေးအကျပ်အတည်းကြောင့် ခါးပိုက်နှိုက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာ

Spread the love

ပုသိမ်မြို့နယ်တွင် စီးပွားရေးအကျပ်အတည်းကြောင့် ခါးပိုက်နှိုက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာ

EPN
ပုသိမ် ၊ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်တွင် ဇွန်လအတွင်း ခါးပိုက်နှိုက်မှုဖြစ်စဉ် များပိုမိုဖြစ်ပွားလာပြီး ဇွန်လ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ခါးပိုက်နှိုက်မှုဖြစ်စဉ် ၁၀ ကြိမ်အထိဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ကမနက်ပိုင်း ဈေးသွားရင်းနဲ့ ဈေးဖိုးယူသွားတဲ့ ပိုက်ဆံနဲ့တယ်လီဖုန်းတစ်လုံးပါသွားတယ် ဟိုအရင်က ပုသိမ်ဘက်မှာ အခုလိုမျိုးလုယက်တာ မရှိဘူး ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလည်းဖြစ်ပြီးနောက်ပိုင်း စီးပွားရေးတွေကကျပ်လာပြီး အလုပ်အကိုင်တွေမရှိ ဖြစ်လာတော့ ဒီလိုဖြစ်ရပ်တွေ ပုသိမ်ဘက်မှာ ပိုများလာတာ”ဟု ပုသိမ်မြို့ခံတစ်ဦးကပြောသည်။

ခါးပိုက်နှိုက်တဲ့ဖြစ်စဉ်များနှင့်ပတ်သက်ပြီးတာဝန်ရှိ သူတစ်ဦးက ”တစ်ဖက်ကလည်းငွေကြေးရှား ပါးလာတာလဲဟုတ်တယ်။ ပြည်သူတွေအနေနဲ့ လုံခြုံရေးအဖွဲ့တွေ ပူူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုပါတယ် ဒီအတိုင်း ဆက်လွတ်ထားမယ်ဆိုရင်တော့ အလစ်သုတ်သမားတွေ ပိုပြီး လက်ရဲဇက်ရဲဖြစ်လာပါလိမ့်မယ်”ဟုပြောသည်။

အဆိုပါ ခါးပိုက်နှိုက်မှုများသည်ဈေးသွားဈေးပြန်ချိန်၊ ၊ရုံးဆင်း၊ရုံတက်အချိန်၊ကျောင်းဆင်းကျောင်းတက်အချိန် များတွင်အများဆုံးဖြစ်ပွားနေပြီး ပစ္စည်းပြန်လည်ရရှိခြင်းမရှိသလို ခိုးယူသူများကို လည်းဖမ်းဆီးရမိခြင်းမရှိသည့်အပြင် လူ့အသက်ကိုအန္တရာယ်ကိုပါ ပေးလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပုသိမ်မြို့နယ်တွင် ပြီးခဲ့သည့်မေလအတွင်းကလည်း ခါးပိုက်နှိုက်မှုဖြစ်စဉ် ၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။